ဘပုလှူထားသည့် တင့်ကားကို BPLA ရဲဘော်များ စမ်းသပ်မောင်းနှင်(ရုပ်သံ)

စစ်ကောင်စီထံမှ သိမ်းပိုက်ရရှိသည့် တင့်ကားကို BPLA ရဲဘော်များ စမ်းသပ်မောင်းနှင်

သုည/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း တစ်နေရာတွင် စစ်ကောင်စီထံမှ သိမ်းပိုက်ရရှိထားသည့် တင့်ကားတစ်စီးကို ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)မှ ရဲဘော်များက စမ်းသပ်မောင်းနှင်ခဲ့ကြောင်း BPLAက ယမန်နေ့က ဖော်ပြခဲ့သည်။

သို့သော် မည်သည့်မြို့တွင်စမ်းသပ်​မောင်းနှင်သည်ကိုမူဖော်ပြအသိပေးထားခြင်း မရှိပေ။ ရှမ်းမြောက်တွင် ကိုးကန့်တပ်မတော် (MNDAA)အပါအဝင် ညီနောင်မဟာမိတ်အဖွဲ့များက သိန္နီမြို့၊ကွမ်းလုံ၊ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ မုန်းကိုးနှင့် ပန်ဆိုင်စသည့် မြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားသည်။ ​​နောက်ဆုံး သိမ်းယူထား​သော ကွမ်းလုံမြို့သိမ်းတိုက်ပွဲတွင် တင့်ကားနှင့် သံချပ်ကာကား ၃ စီး ရရှိထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကိုးကန့်တပ်မတော် (MNDAA)အပါအဝင် ညီနောင်မဟာမိတ်အဖွဲ့များက စစ်ကောင်စီ၏ သံချပ်ကာယာဉ်များ၊ တင့်ကားများကို သိမ်းပိုက်လျက်ရှိရာ လက်ရှိတွင် တင့်ကားနှင့် သံချပ်ကာကား ၁၁စီးအထိ သိမ်းပိုက်ဖျက်ဆီးနိုင်ပြီ ဖြစ်ကြောင်း MNDAA က အသိပေးထုတ်ပြန်ထားသည်။

ရုပ်သံ – BPLA Venture

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *