၂၂ရက်မြောက်နေ့မှာ စခစခန်းပေါင်း ၁၅၂ခုထိသိမ်းပိုက်ထားနိုင်ပီ

ကိုးကန့်ခရိုင်ထဲက စစ်တပ်ရဲ့ တပ်စခန်း ၄ ခုကို MNDAA က ထပ်မံ သိမ်းပိုက်နိုင်ခဲ့ပြီးတဲ့နောက် တပ်စခန်း ၁၅၂ ခုထိ သိမ်းပိုက်ထား

၁၀၂၇ စစ်‌ဆင်ရေး ဖော်ဆောင်မှု ၂၂ ရက်မြောက်ကို ရောက်ရှိလာ

+++++++++++++++++++++++++

နိုဝင်ဘာ၊ ၁၈

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့်ခရိုင်ရှိ အကြမ်းဖက် စစ်တပ်၏ တပ်စခန်း ၄ ခုကို ကိုးကန့် MNDAA က ထပ်မံ သိမ်းပိုက်နိုင်ခဲ့ပြီး တပ်စခန်း ၁၅၂ ခုထိ သိမ်းပိုက်ရရှိထားပြီလို့ The Kokang က အသိပေးထုတ်ပြန်လာပါတယ်။

နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်တွင် ကိုးကန့်ခရိုင်၊ တုန်းရှမ်းဒေသရှိ ခုတ်ထန်တပ်စခန်းကို MNDAA က စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၆ နာရီကြာ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့ကာ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဆက်လက်ပြီး အဲ့ဒီ့နေ​ြ မွန်းလွဲ ၃ နာရီ ၁၅ မိနစ် တွင် MNDAA က ကိုးကန့်ခရိုင်၊ ရှီးရှမ်း‌ဒေသရှိ ရှင်းဖောက်လုပ် တပ်စခန်းကို ထပ်မံ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ၂၅ မိနစ်အတွင်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။

နိုင်ဝင်ဘာလ ၁၇ ရက်နေ့တွင် ကိုးကန့်ခရိုင်၊ ရှီးရှမ်းဒေသ၊ ချင်ချိုမ့်ထန်ရွာအနီးရှိ အကြမ်းဖက် စစ်တပ်စခန်း ၁ ခုကို MNDAA က သိမ်းပိုက်နိုင်ခဲ့ပြီး အဲ့ဒီ့နေ့ မွန်းလွဲ ၂ နာရီ ၃၇ မိနစ်မှာ MNDAA က ချင်ချိုမ့်ထန်ရွာအနီးရှိ အကြမ်းဖက် စစ်တပ်၏ အမှတ် ၂ တပ်စခန်း ကို ထပ်မံ သိမ်းပိုက် နိုင်ခဲ့ခြင်းဖြစ်ပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ဆင်နွှဲနေတဲ့ ၁၀၂၇ စစ်‌ဆင်ရေး ဖော်ဆောင်ခဲ့တဲ့၂၂ ရက်မြောက်နေ့မှာ ကိုးကန့် MNDAA က တပ်စခန်း စုစုပေါင်း ၁၅၂ ကိုသိမ်းပိုက်နိုင်ခဲ့ကာ MNDAA ၏ အခြားစစ်ကြောင်းများလည်း စစ်ကောင်စီနှင့်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *