မတ္တရာမြို့နယ်၊ ပတ်လည်အင်းရွာမြေဩဇာ၁၀အိတ် ရခတစ်ကောင်အရှင်မိ(ရုပ်သံ)

မတ္တရာမြို့နယ်၊ ပတ်လည်အင်းရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးပြီး ရဲ ၁ ဦးအရှင်ဖမ်းမိ (ရုပ်/သံ)

နိုဝင်ဘာ ၁၈

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ပတ်လည်အင်းရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးပြီး ရဲ ၁ ဦး အရှင် ဖမ်းဆီးရမိခဲ့​ကြောင်း Singu Guerilla Force-SGF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့တွင် မတ္တရာမြို့နယ်၊ ပတ်လည်အင်းရွာ၌ ဗိုလ်ကြီး ကျော်ဟိန်း ဦးစီးသော စစ်ကောင်စီ တပ်သား ၅၀ ခန့် အခြေချနေ တပ်စွဲထားသော တပ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၀ ဦး သေဆုံးကာ ၅ ဦး ထိခိုက် ဒဏ်ရာရရှိပြီး ရဲ ၁ ဦး အရှင်ဖမ်းဆီးရမိကာ သေနတ် ၃ လက်၊ ကျည် ၄၉ တောင့်နှင့်ကျည်အိမ် ၇ ခု သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Singu Guerilla Force-SGF အဖွဲ့၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်တပ်ရင်း၊ စဥ့်ကူးမြို့နယ် ပကဖနှင့် မတ္တရာမြို့နယ် ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *