အချစ်က ထမင်းမကျွေးဘူး ဆိုတဲ့ (၂၁) ရာစုမိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝင်ခံချက်

အချစ်က ထမင်းမကျွေးဘူး ဆိုတဲ့ (၂၁) ရာစုမိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝင်ခံချက်

ကျမချစ်သူကို ပြောခဲ့ဖူးတယ် ။ နောက် ၂နှစ်လောက်နေရင် ငါလက်ထပ် ဖြစ်လိမ့်မယ် ။

ဒါပေမယ့် ငါလက်ထပ်တဲ့သူက နင်ဟုတ်ချင်မှ ဟုတ်လိမ့် မယ် ။

နောက် ၂နှစ်လောက်နေရင် အဆင်ပြေတဲ့သူကို ငါ လက်ထပ်သွားမှာပဲလို့….။

ကြားကြားချင်းတော့ သူစိတ်ဆိုးတယ် ။ နောက်တော့ သူ လက်ခံသွားတယ် ။

ကျမဆိုလိုတာက မိန်းမတစ်ယောက် လက်ထပ်ဖို့ ဆုံးဖြတ်တဲ့အခါ …

အချစ်က အဓိကမကျတော့ဘူး | ကိုယ်ချစ်တဲ့သူဆိုရင် တော့ ပိုကောင်းတာပေါ့ ။

ဒီလူကို တစ်သက်လုံး အားကိုးရတော့မှာ တစ်သက်တာ မှီခိုရတော့မှာမဟုတ်လား ။ အချစ်က ထမင်းမကျွေးဘူး ။

ကိုယ် ထမင်းအငတ်ခံနိုင် တယ်ထား ကိုယ့်ရင်သွေးလေးတွေကို ပြည့်စုံအောင် ဖန်တီး ဖြည့်စွမ်းချင်တယ် ။

ကိုယ့်ကလေးကို သူများထက် အောက်မကျစေချင်ဘူး !!

နောက်တစ်ခုက မိဘ , မိဘစိတ်ပူရတဲ့ သားသမီး မဖြစ် ချင်ဘူး ။

ငွေဆိုတာ ဒုတိယ ဘုရားသခင်လို့ ခံယူထားတယ် !!

ကိုယ့် မိသားစုအတွက် ပြည့်စုံအောင် ရှာဖွေပေးနိုင်တဲ့ ယောကျ်ားကို ယူထားမှ

စီးပွားရေးမပူပန်ရဘဲ ကိုယ့် သားသမီး ကိုယ့်မိသားစုအတွက်နွေးထွေးမှု အပြည့်အဝပေးနိုင်မှာလို့ပဲ ခံယူထားတယ် ။

ဒီအတွက် ကိုယ်ချစ်တဲ့သူကို ပိုင်ဆိုင်ချင်တယ် ကိုယ့် ချစ်သူနဲ့ တစ်သက်လုံး အတူနေချင်တယ် ဆိုရင်

ချစ်သူကအားကိုးလောက်တဲ့ အရည်အချင်း | ယုံကြည် လောက်တဲ့ စွမ်းရည်ရှိအောင် ကြိုးစားပေါ့ !!

တစ်သက်လုံး တစ်နှစ်စောင့်လည်း ကြိုးစားနေတယ် ဆိုတဲ့ အဆင့်ကတက်မလာ | နှစ်နှစ်စောင့်လည်း စုဆောင်းမှုက နတ္ထိ ….

မျက်နှာလေး လာဖူးရတဲ့ဘဝမှာ ပျော်နေရုံနဲ့တော့ တစ်သက်နီးမှာ မဟုတ်ဘူး ။

မိန်းမတစ်ယောက်အနေနဲ့ အိမ်ထောင်ဖက်ကို ရွေးချယ် တဲ့နေရာမှာ ….

သစ္စာရှိမှာလား , ကြင်နာတတ်လား , နွေးထွေးတတ်လား ဆိုတာတွေအပြင် အားကိုးရမှာလားဆိုတဲ့အချက်ကိုပါ ထည့်တွက်မှာ အသေအချာပဲ ။

ဒုံရင်း ဒုံရင်း မျက်နှာမော်ဖူးမယ့်ဘဝ ရတဲ့လစာလေးကို ချစ်သူနဲ့ မုန့်စားရတဲ့ ဘောနပ်စ်လေးကို

ချစ်သူနဲ့ လျှောက်ဖြုန်းနေတဲ့ အဆင့်နဲ့ မှန်းလို့ကတော့ တစ်နေ့ ကျန်ရစ်ဖြစ်မှာပဲ ။

ဖြစ်ခဲ့ရင်လည်း ကိုယ်ညံ့လို့ အားကိုးထိုက်တဲ့ယောကျ်ားဆီ ပါသွားတယ်လို့ပဲ ယူဆလိုက်တော့

!!ယောကျ်ားဆိုတာ မိန်းမမယူခင်တည်းက စီးတဲ့ ရေ | ဆည်တဲ့ ကန်သင်းမူကို ကျင့်ရမှာပဲမဟုတ်လား …. ။

ခရက်ဒစ်

Be the first to comment

Leave a Reply

Your email address will not be published.


*