သာလီစွပါ AAကတော့တစ်ကွက်ပြလိုက်ပီး (ရုပ်သံ)

ပေါက်တောမြို့တွင် စစ်တပ်က လူသားဒိုင်းအဖြစ် ဓားစာခံ ဖမ်းဆီးထားသော သံဃာတော်များ အပါအဝင် ပြည်သူ ၁၀၀ နီးပါးကို AA က ကယ်ထုတ်

ရန်ကုန်၊ နိုဝင်ဘာ ၂၁

အောက်ဆုံးတွင်ဗီဒီယိုဖိုင်ကြည့်ရန်

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင် စစ်တပ်က လူသားဒိုင်းအဖြစ် ဓားစာခံ ဖမ်းဆီးထားသော သံဃာတော်များအပါအဝင် ရခိုင်ပြည်သူ ၁၀၀ နီးပါးကို AA က ကယ်ထုတ်ခဲ့ကြောင်း AA က တရားဝင် ထုတ်ပြန်ပြောဆိုသည်။

နိုဝင်ဘာလ ၂၁ ရက်နေ့၊ မွန်းတည့် ၁၂ နာရီ ၀၂ မိနစ်ခန့်အချိန် ရက္ခိုင်ပြည်နယ်၊ ပေါက်တောမြို အတွင်း နေရာအချိ့် နှင့် လောကထိပ်ပန်ဘုရားကုန်းတို့တွင် စစ်ကောင်စီတပ်နှင့်ရက္ခိုင့်တပ်တော် (AA) တို့ မြိုတွင်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီက ပေါက်တောမြိုမှ ရဟန်းသံဃာ အပါအဝင် ဒေသခံပြည်သူလူထု ၁၀၀ နီးပါးကို ဓါးစာခံနှင့် လူသားဒိုင်းကာအဖြစ်အသုံးပြုရန် ပြန်ပေးဆွဲထားသည်မှာ ၆ ရက် ခန့်ရှိပြီဖြစ်ပြီး နိုဝင်ဘာလ (၁၆) ရက်နေ့မှစတင်၍ ပြန်ပေးဆွဲထားခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုကြောင့် ရက္ခိုင့်တပ်တော်က ပေါက်တောမြို့ အတွင်းမှ စစ်ကောင်စီတပ်ဖွဲဝင်များရှိရာနေရာများကို ဝင်ရောက် တိုက်ခိုက်ပြီး ဓါးစာခံပြည်သူလူထုအားလုံးကို ဘေးအန္တရာယ်ကင်းစွာဖြင့် ကယ်ထုတ်နိုင်ရန် ကြိုးစားရာမှ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ ဓါးစာခံပြည်သူလူထုများအား ကယ်တင်နိုင်ခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီ တပ်ဖွဲဝင်များသည်လည်း အထိနာကာ အကျအဆုံးများခဲ့ကြောင်း၊ ရန်သူ့လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်း ရမိခဲ့ကြောင်း၊ AA ရဲဘော်တချို့ကျဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရှိရသည်။

စစ်တပ်က လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးများ၊ အတွဲလိုက်ဒုံးများဖြင့် တိုက်ပွဲဖြစ်ပွားရာ နေရာများသို့သာမက တိုက်ပွဲဖြစ်ပွားခြင်းမရှိသောနေရာများသိုပါ ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေခြင်းများကို ယခု အချိန်အထိ ပြုလုပ်လျက်ရှိကြောင်း၊ အာရက္ခပြည်သူလူထုကို သတ်ဖြတ်နေသော စစ်ကောင်စီတပ်ဖွဲ ဝင်များကိုလည်း မိမိတို ထုတ်ပြန်ထားသည့်အတိုင်း လက်စားချေ တုံပြန်သွားမည်ဖြစ်ကြောင်း AA က ဆိုသည်။

ပေါက်တောမြိုအတွင်း ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်ဖွဲဝင်များကို ဆက်လက်ချေမှုန်းလျက်ရှိပြီး ကျန်ရှိနေသေးသောဓါးစာခံများ အန္တရာယ်ကင်းစွာလွတ်မြောက်နိုင်ရေးအတွက် AA က ဆက်လက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *