ဘုန်းဘွဲ့ရွာအနီး မြန်မာအက်ရှင် (ရုပ်သံ)

ဘုန်းဘွဲ့ရွာအနီးရောက်လာတဲ့ စစ်ကြောင်းမိုင်းဆွဲခံရ ၃ယောက်ပွဲချင်းပြီး (ရုပ်သံ)

နိုဝင်ဘာ ၂၄

စစ်ကိုင်းတိုင်း၊ ရွှေဘို လေ့ကျင့်ရေး၈ကနေ သံပြားကာ ၃စီးနဲ့ ဒိုင်နာတစီးတို့နဲ့အင်အား၁၀၀ကျော်လာချပြီး ခြေလျင်စစ်ကြောင်းထိုးလာရာဘုန်ဘွဲ့ရွာအနီးအရောက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက အသင့်ထောင်ထားတဲ့ မိုင်းတွေနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်အုပ်စုဘက်က အထိနာသွားတယ်လို့ စိုင်နိုင်တိုက်နယ်(သိဒ္ဓိရှင်)ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုင်ဝင်ဘာ ၂၂ရက်နေ့ရွှေဘို-မန္တလေးလမ်းအတိုင်းတောင်ဘက်သို့ စစ်ကြောင်းထိုးလာရာမှာ မွန်းလွဲပိုင်း ၁၂နာရီ ၄၅မိနစ်ခန့်မှာ အသင့်ထောင်ထားတဲ့ ရှေ့ထွက်မိုင်း(၂)လုံးပွိုင့်(၁)

ပွိုင့်၊ပဒေသာမိုင်း(၅)လုံးပွိုင့်(၂)ပွိုင့် တို့ဖြင့် မိုင်းဆွဲတိုက်ခိုက်လိုက်ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား(၃)ဦး သေဆုံးပြီး စစ်ကောင်စီတပ်သား(၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာလို့ဆိုပါတယ်။

“ခွေးတွေဘက်က ၃ကောင်သေတယ်၊ ၅ကောင်ဒဏ်ရာရတယ်ဗျ။သူတို့ဘက်ကတော့ မစ်ရှင်အတွင်းမှာ လက်နက်ကြီး၊ငယ်တွေနဲ့ လမ်းဘေးဝဲယာတွေကို ရမ်းသမ်းပစ်ခတ်တယ်”လို့ သိဒ္ဓိရှင်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံကပြောပါတယ်။

တိုက်ပွဲအတွင်းမှာ သေဆုံးသွားသော စကစတပ်သား(၃)ဦးကိုနာရေးကားဖြင့်သယ်ယူသွားပြီး ရွှေဘိုမြို့၊ဥသျှစ်ကန်သုသာန်၌ နေ့တွင်းချင်းသဂြိုလ်ပြီးဒဏ်ရာရစကစတပ်သားများကိုလေ့ကျင့်ရေး(၈)အနီးရှိဆေးခန်းတွင်ဆေးကုသမှုပေးနေရကြောင်း ​ တာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုများအရ သိရတယ်လို့ဆိုပါတယ်။

အထက်ပါတိုက်ခိုက်မှုကိုတော့ စိုင်နိုင်တိုက်နယ်(သိဒ္ဓိရှင်)ပြည်သူ့ကာကွယ်ရေးအဖွဲ့ကခေါင်းဆောင်ပြီး ဒေသတွင်းညီနောင်မဟာမိတ်တပ်တွေဖြစ်ကြတဲ့ ဒေါင်းစစ်သည် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ အောင်ဘော် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ယူကရိန်းဂျစ်ကား ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဒေါင်းတမာန် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ နဂါးရာဇာ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မဟူရာဆင်ရိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မဟူရာကျွဲရိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ရွှေတြိဂံ-ရွှေမင်းသား ပြည်သူ့ကာကွယ်ရေးအဖွဲ့ တို့ကတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *