နန်းနန်းတို့ ဘဘညွှတ်ကွင်းမှာမိနေပီး အဖြူရောင်အဖွဲ့ပါတတ်ခိုင်း

◼️ဒီဇင်ဘာမှာ စစ်သင်တန်း စတက်ရမှာ ဖြစ်ပြီး Non CDM တွေ ထွက်မပြေးနိုင်အောင် စစ်ကောင်စီက တင်းကြပ်ထား

၂၄ နိုဝင်ဘာ ||| နွေဦးအသံ |||

နေပြည်တော်ရှိ ဌာနဆိုင်ရာအသီးသီးမှ အမျိုးသား Non CDM တွေကို အကြမ်းဖက်စစ်ကောင်စီက ကိုယ်အလေးချိန်နဲ့ အရပ်တိုင်းပြီး ရှေ့တန်းလွှတ်ဖို့အတွက် စစ်သင်တန်းပေးဖို့ စာရင်းစတင်ကောက်ယူနေတယ်လို့ သိရပါတယ်။

“အခုကဗျာ၊ နည်းနည်းကိုယ်အလေးချိန်များတဲ့သူ ဝ တဲ့သူတွေပဲ လောလောဆယ်ကျန်ခဲ့တယ်၊ အရပ်နဲ့ ကိုယ်အလေးချိန် အဆင်ပြေတဲ့သူတွေကို စာရင်းယူသွားတယ်၊ ရှေ့တန်းထွက်ရမှာဆိုတော့ အကုန်လုံးက ဘယ်ပြေးရမလဲ မသိဖြစ်နေကြတယ်” လို့ ဖရဲသီး ရင်းမြစ်ကThe Voice of Spring ကို ပြောပါတယ်။

ဝန်ထမ်းအိမ်ရာမှာ နေထိုင်လျက်ရှိတဲ့ Non CDM တွေကိုလည်း ရုံးအသွားအပြန် ဝန်ထမ်းကြိုပို့ယာဉ်နဲ့သာ သွားလာခွင့်ပြုပြီး လုံခြုံရေးတင်းကြပ်လျက်ရှိတာကြောင့် Non CDM တွေအနေနဲ့ ထွက်ပြေးဖို့ အခက်အခဲဖြစ်နေကြတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီက စာရင်းကောက်ယူစုဆောင်းထားတဲ့ ဌာနဆိုင်ရာအသီးသီးက Non CDM တွေကို ဒီဇင်ဘာလမှာ စတင်ပြီး စစ်သင်တန်းပေးမှာဖြစ်ပြီး ကိုယ်အလေးချိန်များနေတဲ့ ဝန်ထမ်းတွေကိုလည်း ပိန်အောင် လေ့ကျင့်ခန်းလုပ်ဖို့ ညွှန်ကြားထားတယ်လို့ သတင်းရရှိပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *