မူဆယ်မြို့နယ်၊ တရုတ်-မြန်မာနယ်စပ် ကိုးကန့်အလံ လွှင့်ထူ (ရုပ်/သံ)

မူဆယ်မြို့နယ်၊ တရုတ်-မြန်မာနယ်စပ် ကျင်စန်းကျော့ နယ်စပ်ဂိတ်ကို MNDAA က သိမ်းပိုက်ပြီး ကိုးကန့်အလံ လွှင့်ထူ (ရုပ်/သံ)

နိုဝင်ဘာ ၂၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ် ကျင်စန်းကျော့ နယ်စပ်ကုန်သွယ်ရေးဂိတ်ကို MNDAA က သိမ်းပိုက်လိုက်ပြီး ကိုးကန့်အလံ လွှင့်ထူလိုက်ကြောင်း အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပြောဆိုထားသည်။

နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီအချိန် မူဆယ်မြို့နယ်ရှိ ကျင်စန်းကျော့ နယ်စပ်ဂိတ်ကို MNDAA က သိမ်းပိုက်လိုက်ကြောင်း၊ MNDAA က သိမ်းယူ တရုတ်-မြန်မာ နယ်စပ်ရှိ ကုန်သွယ်ရေးဂိတ်များမှာ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးဂိတ်၊ မုံးကိုးနယ်စပ်ကုန်သွယ်ရေးဂိတ်၊ ပန်းဆိုင်(ကြူကုတ်) နယ် စပ်ကုန်သွယ်ရေးဂိတ်၊ ယခုနောက်ဆုံး ကျင်းစန်းကျော့နယ်စပ်ကုန် သွယ်ရေး ဂိတ်တို့ကို သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *