လှတောသားတွေက စကားပဲကြွယ်တာမဟုတ်ဘူး နော်အလုပ်နဲ့သက်သေပြပြီ(ရုပ်သံ)

ဝက်လက်မြို့နယ် လှတောစံပြေးကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

နိုဝင်ဘာ ၂၈ ရက်

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် လှတောစံပြေးကျေးရွာမှာ အင်အား ၁၀၀ ခန့်နဲ့ ၄ ရက်ကြာ ယာယီတပ်စွဲထားတဲ့ အကြမ်းဖကစစ်တပ်စစ်ကြောင်းကို Shar Htoo WAW နည်းပညာ

မောင်းသူမဲ့ လေယာဉ် ၄ စီးနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Peacock Generation Zမှ သတင်းရရှိပါတယ်။

နိုဝင်ဘာ ၂၃ ရက်က ရွှေဘိုမြို့မှ အင်အား ၁၀၀ နဲ့ စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်စစ် သားတွေဟာ ဝက်လက်မြို့နယ် လှတောစံပြေးကျေးရွာမှာ ၄ ရက်ကြာ ယာယီတပ်စွဲထားစဉ် နိုဝင်ဘာ ၂၆ ရက် ညနေ ၄ နာရီခွဲအချိန်ခန့်က Shar Htoo WAW နည်းပညာ မောင်းသူမဲ့ လေယာဉ် ၄ စီး ဗုံးသီး ၇ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားတွေ ထိခိုက်သေဆုံး မှုရှိနိုင်ပြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အထက်ပါစစ်ဆင်ရေးကို ဆရာကျောင်းဦးဆောင်သော ဆရာကျောင်းဦးဆောင်သော ဒေါင်းမျိုး ဆက် (PGZ)၊ ဗိုလ်ချုပ် (၀က်လက်)၊ နယ်စီးမခြား ဗိုလ်ပျံလွှားနဲ့ မဟာမိတ်တော်လှန်ရေးအင် အားစုတွေက ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *