ရပြန်ပြီဟေ့ အပုံလိုက်ကြီး

ခုတန်စေတီကုန်းနဲ့ ဓာတ်အားပေးစက်ရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို MDAA နဲ့ TNLA သိမ်းယူ

BVJ/အိုင်းရစ် _ နိုဝင်ဘာ ၂၈ ၊ ၂၀၂၃

စစ်ကောင်စီ လေကြောင်းပစ်ကူယူပြီး တုန်းရှမ်းဒေသ ဓာတ်အားပေးစက်ရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းနဲ့ လားရှိုး-ကျောက်မဲကြားရှိ ခုတန်စေတီကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းတွေကို တအာင်းတပ်မတော် (TNLA) နဲ့ ကိုးကန့်တပ်မတော် (MNDAA) တို့က သိမ်းယူခဲ့သလို လုံခမ်းနေရာမှာရှိတဲ့ စစ်ကောင်စီအဖွဲ့မှ တပ်ရင်းမှူးတစ်ဦးကိုလည်း ရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

ကျောက်မဲ – လားရှိုးကြားမှာရှိတဲ့ ခုတန်စေတီကုန်း High Point မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို မနေ့က နိုဝင်ဘာ ၂၇ ရက် ည ၇ နာရီခွဲဝန်းကျင်မှာ ကိုးကန့်တပ်မတော် (MNDAA) အင်အားစုနဲ့ တအာင်းတပ်မတော် (TNLA) တပ်မဟာ ၂ တို့က ပူးတွဲ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ည ၈ နာရီမှာ စခန်းကို သိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီ လေကြောင်းပစ်ကူယူပြီး တုန်းရှမ်းဒေသ မှတ်တိုင် ၁၂၇ ဓာတ်အားပေးစက်ရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကိုလည်း နိုဝင်ဘာ ၂၆ ရက် ညနေ ၅ နာရီခွဲဝန်းကျင်မှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၁၅ မိနစ်အကြာမှာ စခန်းကို သိမ်းယူနိုင်ခဲတယ်လို့ သိရပါတယ်။

မုံးကိုးခရိုင် မိုင်းပေါ်ဒေသ နန်းတောက်အုပ်စု လုံခမ်းတိုက်ပွဲတွင်လည်း စစ်ကောင်စီ တပ်မ ၉၉ လက်အောက်ခံ တပ်ရင်း ၇၉ ရဲ့ တပ်ရင်းမှူးတစ်ဦးနဲ့ အခြားစစ်ကောင်စီအဖွဲ့များကို ရှင်းလင်းနိုင်ခဲ့သလို ခမရ ၄၂၀ မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

၁၀၂၇ စစ်ဆင်ရေး တစ်လကျော်ကာလအတွင်း နိုဝင်ဘာ ၂၇ ရက်အထိ MNDAA နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့များက ကိုးကန့်ဒေသတွင်း စစ်ကောင်စီ စခန်းပေါင်း ၁၇၈ ခုအထိ သိမ်းပိုက်ရရှိထားပြီးဖြစ်တယ်လို့ သိရပါတယ်။

ပုံစာ – ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း MNDAA သိမ်းယူခဲ့တဲ့ စစ်ကောင်စီစခန်းအချို့နဲ့ လက်နက်အချို့

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *