တစ်ရက်ထဲဖွတ်၆ကောင်ရ လွတ်သွားတဲ့၃ကောင်အမြန်မိပါစေ

မကွေးတွင် အုပ်ချုပ်ရေးမှူးခြောက်ဦး တစ်ရက်ထဲ အသတ်ခံရ

——

BVJ/မိုနာ_နိုဝင်ဘာ ၂၈၊ ၂၀၂၃

မကွေးတိုင်း၊ သရက်ခရိုင်၊ အထက်မင်းလှနဲ့ မင်းတုန်းမြို့နယ်အတွင်းက စစ်ကောင်စီလက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေးမှူး(၆)ဦးဟာ တစ်ရက်ထဲမှာ ရှင်းလင်းခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အခုလ နိုဝင်ဘာ ၂၆ ရက်က အထက်မင်းလှနဲ့ မင်းတုန်းမြို့နယ်အတွင်းက ကျေးရွာ(၉)ရွာကို တပြိုင်နက်ပစ်ခတ်တိုက်ခိုက်တာဖြစ်ပြီး အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာ အုပ်ချုပ်ရေးမှူး(၆)ဦး သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ အထက်မင်းလှကျေးရွာက ဒေသခံတစ်ဦးက ပြောပါတယ်။

“ဝင်ရောက်ရှင်းလင်းတုန်းကတော့ ရွာပေါင်းကိုးရွာက အုပ်ချုပ်ရေးမှူးကိုးယောက်ကို လုပ်တာပါ။ အဲ့ဒီမှာ ရွာသုံးရွာက အုပ်ချုပ်ရေးမှူးသုံးယောက်က ကံကောင်းပြီးလွတ်သွားတယ်။ လွတ်သွားတဲ့သူတွေထဲမှာ သေနတ်ကိုင်တဲ့သူတွေလည်းပါတယ်လို့ ကြားတယ်။ ၆ ယောက်ကတော့ ပစ်သတ်ခံလိုက်ရတယ်ပေါ့။ တစ်ရက်ထဲမှာပဲ ဖြစ်သွားတာ။ တချို့ရွာတွေကို ဝင်တိုက်ချိန်မှာ အဲ့ဒီအနီးအနားရွာတွေမှာ စစ်တပ်က ရှိတယ်။ ဒါပေမယ့် သေနတ်သံကြားတဲ့အချိန် သူတို့ရောက်မလာဘဲ အားလုံးငြိမ်သွားပြီး တစ်နာရီလောက်ကြာမှ သူတို့(စစ်ကောင်စီတပ်)အုပ်စုလိုက်ကြီးရောက်ချလာတာမျိုးရှိတယ်”လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံအမျိုးသားတစ်ဦးက BurmaVJကို ပြောပါတယ်။

နောက်ထပ်ဒေသခံ အမျိုးသားတစ်ဦးကလည်း “မီးလောင်ကုန်းရွာအုပ်မှူးကိုက ၂၆ ရက်ညနေပိုင်းမှာ PDF အဖွဲ့က ရွာထဲဝင်လာပြီး ရှင်းသွားတာပါ။ ကျန်တဲ့ရွာတွေကိုက ညပိုင်းအိပ်ချိန်မှာ PDF တွေကအဖွဲ့တွေခွဲပြီးတော့ စစ်ဆင်ရေးအနေနဲ့ တပြိုင်နက်ဝင်စီးပြီး အုပ်ချုပ်‌ရေးမှူးတွေကိုရှင်းလိုက်တာပါ။ ဒီစစ်ဆင်ရေးကို မကွေးတိုင်းအဆင့်က PDF လူတွေပါ ပါဝင်ကိုင်တွယ်တာလို့လည်း သတင်းတွေထွက်နေပါတယ်။အတိအကျတော့ မသိရသေးပါဘူး”လို့ အုပ်ချုပ်ရေးမှူးတွေ ရှင်းလင်းခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြောပါတယ်။

ပစ်သတ်ခံရတဲ့ အုပ်ချုပ်ရေးမှူးတွေဟာ အထက်မင်းလှမြို့နယ် လင်းကယ်၊ မီးလောင်ကုန်း၊ ပေတောကုန်း၊ ကဒေါင်းစောက်၊ ကံ(အလယ်)ရွာတွေနဲ့ မင်းတုန်းမြို့နယ် တောင်ယံကျေးရွာက ကျေးရွာအုပ်ချုပ်ရေးမှူးတွေဖြစ်တယ်လို့ သိရပါတယ်။

သူတို့ရဲ့နေအိမ်တွေမှာ ပစ်သတ်ခံရပြီးသေဆုံးသွားတဲ့ အုပ်ချုပ်ရေးမှူးတွေရဲ့ အသုံးအဆောင်ပစ္စည်းတွေကို ရှင်းလင်းခဲ့တဲ့အဖွဲ့တွေက သိမ်းဆည်းခဲ့တယ်လို့လည်း ဒေသခံဆီက သိရပါတယ်။

ဒါပေမယ့် အဲ့ဒီတိုက်ခိုက်မှုကို ဘယ်အဖွဲ့တွေက လုပ်ဆောင်ခဲ့တယ်ဆိုတာ မသိရသေးဘဲ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့လည်း ထုတ်ပြန်ပြောဆိုလာတာမျိုး မတွေ့ရသေးပါဘူး။

ဒါ့အပြင် အုပ်ချုပ်ရေးမှူးတွေပစ်သတ်ခံရပြီးနောက်ပိုင်းမှာ ပစ်သတ်ခံရတဲ့အုပ်ချုပ်ရေးမှူးတွေရဲ့ ရွာတွေအပြင် အနီးအနားတစ်ဝိုက်က ‌ကျေးရွာတွေမှာပါ ကျောင်းသားတွေကိုကျောင်းမလွှတ်ရဲသလို၊ ဆရာ၊ ဆရာမတွေကိုယ်တိုင်လည်း စာမသင်ရဲဖြစ်နေတာကြောင့် စာသင်ကျောင်းတွေပိတ်ထားရတာ နှစ်ရက်ရှိပြီဖြစ်တယ်လို့လည်း သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်က မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတော့ မင်းလှမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ဒေါက်တိုင်အဖြစ် ပူးပေါင်းလုပ်ဆောင်နေကြတဲ့ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ အမည်စာရင်းတွေနဲ့ရွာနာမည်တွေကို အခုနှစ် ဇွန်လ၉ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပြီး အဲ့ဒီလူတွေအနေနဲ့ တစ်လအတွင်းနှုတ်ထွက်ကြဖို့နဲ့ နှုတ်မထွက်ဘဲစစ်ကောင်စီနဲ့ ဆက်လက်ပူးပေါင်းလုပ်ဆောင်နေပါက နိုင်ငံတော်သစ္စာဖောက်အဖြစ် သတ်မှတ်ကာ ထိရောက်တဲ့အရေးယူမှုပြုလုပ်မယ်လို့ ကြေညာထားပါတယ်။

အဲ့ဒီကြေညာချက်ထဲမှာ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူး ၇၆ဦးရဲ့ နာမည်နဲ့ရွာနာမည်တွေပါဝင်ပြီး သူတို့ရဲ့ကိုယ်ရေးအချက်အလက်နဲ့ဓါတ်ပုံတွေရရှိထားပြီးဖြစ်တယ်လို့လည်း ပြောထားပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *