စည်/ကော်အုပ်ကြီးအနီးကပ်ကစ်ခံရ၍ လမ်းဘေးအိပ်ပျော်နေ

ချောက်မြို့ စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ဝန် ပစ်ခတ်ခံရပြီး သေဆုံး၊ ပေါင်းတည်မြို့နယ်တွင် ပျူစောထီး သင်တန်းဆင်း လာသည့် လင်မယား ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး

နိုဝင်ဘာ ၂၉

မကွေးတိုင်း၊ ချောက်မြို့၊ အမှတ် ၉ ကင်မွန်းခြုံရပ်ကွက်၊ လမ်းမပေါ်တနေရာတွင် ချောက် မြို့စည်ပင် သာယာ ရေးကော်မတီ မြို့တော်ဝန် သန့်ဇင်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း ပြောကြားသည်။

ယနေ့ နိုဝင်ဘာလ ၂၉ ရက် ညနေ ၃ နာရီခန့်က ချောက်မြို့၊ အမှတ် ၁၂ ရွှေတွင်းကုန်းရပ်ကွက် တွင် နေထိုင်သူ ချောက်မြို့နယ် စည်ပင်သာယာရေး ကော်မတီ၌ မြို့ တော်ဝန်အဖြစ် လုပ်နေကာ အကြမ်း ဖက်စစ်သားများ ချောက်မြို့နယ်အတွင်း စစ်ကြောင်းထိုးရာတွင် လမ်းညွှန်ပေးနေသည့် သန့်ဇင်ဦးကို ချောက်မြို့တွင်းလမ်းမပေါ်၌ ဆိုင်ကယ်ဖြင့် တစ်ဦးတည်း ထွက်လာစဉ် သေနတ်ဖြင့် ၂ ချက်ပစ်ခတ် ရှင်းလင်းခဲ့ရာ နေရာမှာပင်ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

“သူက အရင်ကတော့ ရဲသတင်းပေးပုံစံမျိုးအဆင့်ပဲ ရှိတာ၊ အာဏာသိမ်းပြီးတော့ ချောက်မြို့ စည်ပင် သာယာရေးကော်မတီမှာ မြို့တော်ဝန်တက်ဖြစ်တာ၊ သူသတင်းပေးလို့ အမျိုးသမီး ၇ ဦးနဲ့ အမျိုးသား တစ်ဦး ဖမ်းခံရပြီး ဒေါင်းသေထောင်မှာ ထောင်ကျသွားတဲ့သူရှိတယ်၊ အဖမ်းခံရတဲ့သူတွေလည်း အခု ချိန် အထိလွတ်လာတဲ့သူမရှိသေးဘူး၊ ကျနော်တို့အဖွဲ့အနေနဲ့ အကြိမ်ကြိမ်သတိပေးပြီးပြီ၊ သူက ပြည်သူတွေ အပေါ် ဂုတ်သွေးစုတ် နိုင့်ထက်စီးနင်း လု်တယ်၊ ပစ္စည်းတွေအပေါင်ခံပြီးတော့လည်း ဆုံးပြီလုပ်ပြီး တဖက် လှည့်နဲ့ ဈေးတင်ရောင်းစားတယ်၊ နေ့ပြန်တိုးပေးပြီးတော့လည်း ချေးစားတယ်၊ အဲဒါမျိုးတွေ ကြောင့် ရှင်းပစ်လိုက်တာ” ဟု Chauk Guerilla Force – CGF မှ ဗိုလ်ပေတက ပြောကြားသည်။

အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို Chauk Guerilla Force – CGF ၊ ချောက်ပကဖ၊ မကွေးခရိုင်အမှတ် ၂ တပ် ရင်း နှင့် Revolution Rangers အဖွဲ့တို့ ပူးပေါင်းကာ ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေး တပ် ဖွဲ့ဝင် များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

Chauk Guerilla Force – CGFနှင့်မဟာမိတ်တပ်ဖွဲ့များနေဖြင့် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့၏ ၁၁၂၇ စစ်ဆင်ရေးကို ထောက်ခံကြိုဆိုပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား၊ ရဲ၊ ထောက်တိုင်များကို အရှိန်မြှင့်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီလက်အောက်မှ ထွက်ခွာ ပြီး လက်နက်ချအလင်းဝင်ကြရန် သတိပေးထားသည်။

အလားတူ ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် ပျူစောထီး သင်တန်းဆင်းလာသည့် လင်မယား ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦး သေဆုံးခဲ့ကြောင်း တော်လှန်ရေး ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

နိုဝင်ဘာလ ၂၇ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် ပေါင်းတည်မြို့နယ်၊ ညောင်နီပင်ရွာတွင် နေထိုင်သည့် ပျူစောထီး သင်တန်းဆင်း လင်မယား ၂ ဦးဖြစ်သော သိန်းနိုင်နှင့် ဝင်းလေး တို့ကို ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြည်ခရိုင် PDF တပ်ရင်း (၃၆၀၁) တပ်ခွဲ ၁ က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ဝင်းလေးသည် ပွဲချင်းပြီးသေဆုံးကာ သိန်းနိုင်သည် ပေါင်ကို ကျည်မှန်ပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ လင်မယား ၂ ဦးသည် ပျူစောထီးများဖြစ်သည့် အပြင် အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းများပေးပို့ခြင်း၊ စစ်တပ် တပ်ဖွဲ့ဝင်များကိုစားနပ်ရိပ်က္ခာ ကူညီထောက်ပံ့ခြင်း၊ ရွာထဲကို စစ်သားနှင့် ရဲများ ခေါ်ယူပြီး ကျေးရွာနေ ပြည်သူများကို အာဏာပြခြိမ်းခြောက်ခြင်း၊ ညောင်နီပင်အုပ်စုအတွင်း စစ်သား၊ ရဲများနှင့်အတူ ပူးပေါင်းကာ စစ်တပ် စကစ၏အလိုကျလုပ်ကိုင် ဆောင်ရွက်နေသူများ ဖြစ်ကြောင်း သိရှိရသည်။

ပစ်ခတ်ခံရသည့် ပျူစောထီး လင်းမယား ၂ ဦးနှင့် ပူးပေါင်း လုပ်ဆောင်နေသော ပျူစောထီး အဖွဲ့ဝင်များ၏ အမည် စာရင်းကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက ရရှိထားပြီး ပြည်သူ့နှင့်အတူ အမြန်ဆုံး ပူပေါင်းကြပါရန် ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေး ထုတ်ပြန်ထားသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*