အင်းစိန်မှာတစ်ကွက်ပြလိုက်ပြန်ပီး

အင်းစိန်ရှိ စစ်တပ်ပိုင် ဦးပိုင်ကားဝင်းကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်၊ စစ်တပ်က အင်းစိန်ကို ပိတ်ဆို့ စစ်ဆေး

■ ရန်ကုန်တွင် စစ်ဆင်ရေးအရှိန်မြှင့်ရန် အနက်ရောင်အလံ စတင်လွှင့်ထူပြီဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၂၉

အင်းစိန်မြို့နယ်ရှိ စစ်တပ်ပိုင် ဦးပိုင်ကားဝင်းကို ၄၀ မမ ဗုံးလက်နက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြို့ပြစစ်ဆင်ရေး Urban Special Operation မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၉ ရက်နေ့ ည ၇ နာရီ ၄၀ မိနစ်အချိန် အင်းစိန်မြို့နယ်ရှိ စစ်ကောင် စီ ၏ ဒေါက်တိုင်ဖြစ်သော ဦးပိုင်ကားဝင်းကို USO ၏ စစ်ဆင်ရေး အဖြစ် ၄၀ မမဖြင့် ၂ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

“ထိခိုက်ပျက်စီးမှုတော့မ သိရသေးဘူး” ဟု Urban Special Operation မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယင်းနောက် စစ်တပ်က အင်းစိန်မြို့နယ်တစ်ခုလုံးကို ပိတ်ဆို့ ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်ကြောင်း သိရှိရသည်။

ယခုအချိန်မှစ စစ်ဆင်ရေး အ‌ခြေစိုက်မြိုများတွင် တော်လှန် ရေး သင်္ကေတတစ်ခုဖြစ်သည့် အနက်ရောင် အလံအားစတင် လွှင့်ထူပြီဖြစ်ကြောင်း ၊ ပြည်သူများအပေါ် မတရားမှုများ ပြုလုပ်ရန် ကြံဆောင်နေသော အကြမ်းဖက်စစ်ကောင်စီ ၏ စီးပွားရေးပိုင်ဆိုင်မှုများအပြင် ပတ်သက် ဆက်နွယ်သူများ၊ ပတ်သက်ဆက်နွယ်မှုများကို စစ်ရေးပစ်မှတ်အဖြစ် စစ်ဆင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *