မေးပေးအုန် အလံဖြူတွေကကြိုဆောင်ထားတာလားလို့

ကုန်းကြမ်းဒေသက စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇၂ဦး အလံဖြူထောင်လက်နက်ချမှုတွင် တပ်ရင်းသုံးခုထိပါဝင်နေ

BVJ/အိုင်းရစ် _ နိုဝင်ဘာ ၃၀ ၊ ၂၀၂၃

နှစ်ပေါင်းသုံးဆယ်နီးပါးကြာ အခိုင်အမာတပ်စွဲထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့နယ် ကုန်းကြမ်းဒေသက စစ်ကောင်စီ အမှတ် ၁၂၅ ခြေလျင်တပ်ရင်းနဲ့အတူ အခြားတပ်ရင်း ၂ ခုက စစ်ကောင်စီအဖွဲ့ဝင်တွေ၊ မိသားစုဝင်တွေနဲ့ ကော်မျိုးနွယ် ပြည်သူ့စစ်အဖွဲ့ဝင်တွေဟာ အလံဖြူထောင်ကာ နိုဝင်ဘာ ၂၈ရက်မှာ လက်နက်ချအလင်းဝင်ခဲ့ကြပါတယ်။

ကိုးကန့်ခရိုင် ရှင်းဝမ်ဒေသ ကုန်းကြမ်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို နိုဝင်ဘာ ၂၄ ရက်ကစတင်ပြီး တာရှမ်၊ တာတွေနဲ့ စံခေါ်ကျွမ်နေရာတွေမှာရှိတဲ့ စစ်ကောင်စီ စခန်းငယ်တွေကို တိုက်ခိုက်ခဲ့ပြီးနောက် နိုဝင်ဘာ ၂၅ရက်မှာလည်း ကျင်ထနဲ့ ချင်ချိုင့်ထန်နေရာမှာရှိတဲ့ စစ်ကောင်စီစခန်းတွေကို ကိုးကန့်တပ်မတော် (MNDAA) နဲ့ မဟာမိတ်တပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီလိုကုန်းကြမ်းဒေသက စစ်ကောင်စီစခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် အဲ့ဒီဒေသထဲမှာရှိတဲ့ တပ်စခန်းအားလုံးကို နိုဝင်ဘာ ၂၈ရက်မှာ အပြီးသိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

တပ်စခန်းအားလုံးကို သိမ်းယူနိုင်ခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်မှာပဲ စစ်ကောင်စီ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခြေလျင်တပ်ရင်း ၁၂၅ကနေ အလံဖြူထောင်ပြီး လက်နက်ချအလင်းဝင်ဖို့ဆိုပြီး တပ်ရင်မှူးတစ်ဦးနဲ့ တပ်သားတစ်ဦးတို့က MNDAAတပ်ဖွဲ့တာဝန်ရှိသူတွေဆီကို လာရောက်ဆွေးနွေးခဲ့ပြီး အဖွဲ့တွေထဲက ဒဏ်ရာရသူတွေကိုဆေးဝါးကုသပေးဖို့နဲ့ သူတို့ရဲ့အဖွဲ့သားတွေနဲ့ မိသားစုဝင်တွေကို နေရာပြန်လည်ချထားပေးဖို့ တောင်းဆိုခဲ့ပါတယ်။

အဲ့ဒီလို တွေ့ဆုံညှိနှိုင်းပြီးနောက်မှာပဲ ကော်မျိုးနွယ် ပြည်သူ့စစ်အဖွဲ့ဝင် ၂၇ ဦး၊ ခလရ ၁၂၅ အဖွဲ့ဝင် (၉၃)ဦး၊ အမှတ် ၁၆ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) မှ အဖွဲ့ဝင် (၃၆)ဦး၊ စကခ ၁၂က အဖွဲ့ဝင် (၁၄)ဦး၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင် (၈၆)ဦး၊ စစ်ဆင်ရေးအကြံပေးသူ (၅)ဦးနဲ့ ရဲတပ်ဖွဲ့ဝင် (၁၁)ဦး စုစုပေါင်း (၂၇၂)ဦးဟာ MNDAAဆီကို လက်နက်ချအလင်းဝင်လာတာ ဖြစ်ပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း ကုန်းကြမ်းဒေသကို ၁၉၆၀ ခုနှစ်ကတည်းက စစ်တပ်က ထိုးဖောက်ဝင်ရောက်ခဲ့ပြီး ၁၉၉၂ ခုနှစ်မှာ အခိုင်အမာတည်ဆောက်ထားတာဖြစ်ပါတယ်။

မြေအောက်စခန်း၊ အမြောက်တပ်၊ ရဟတ်ယာဉ်ကွင်းတွေကိုပါ ထည့်သွင်းတည်ဆောက်ထားတာဖြစ်ပြီး နှစ်ပေါင်းသုံးဆယ်နီးပါ တပ်စွဲထားတာကြောင့် ကွမ်းလုံစစ်ကောင်စီတပ်စခန်းလိုမျိုး အခိုင်အမာစခန်းတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *