လွိုင်ကော်တွင်မြို့တစ်ဝက်နီးပါး ထိန်းချုပ်ထားပြီ

လွိုင်ကော်တွင် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက မြို့တစ်ဝက်နီးပါး ထိန်းချုပ်ထားပြီး စစ်တပ်က စစ်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးများ ဆက်တိုက်ကျဲချနေ

ရန်ကုန်၊ နိုဝင်ဘာ ၃၀

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ကို ကရင်နီပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များက မြို့ထက်ဝက်နီးပါး ထိန်းချုပ်ထားနိုင်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံးအများအပြား အသုံးပြုကာ ကျဲချတိုက်ခိုက်နေကြောင်း ကရင်နီစစ်ဖက်ဆိုင်ရာ အကြီးတန်းအရာရှိတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ အတည်ပြုပြောကြားသည်။

ယမန်နေ့ နိုဝင်ဘာလ ၂၉ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက် သေဆုံးမှု များပြား ကာ ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များလည်း ထိခိုက်မှုအချို့ရှိကြောင်း၊ ယမန်နေ့ နိုဝင်ဘာလ ၂၉ ရက်နံနက်ပိုင်းမှ ည ၉ နာရီခန့် အထိ လွိုင်ကော်မြို့ပေါ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံး အများအပြား အသုံးပြုကာ တိုက်ခိုက်နေပြီး ဗုံးသီး ၁၀ လုံးထက်မနည်းကျဲချခဲ့ကြောင်း သိရ သည်။

“တမြန်နေ့က မလာတော့ ၊မနေ့ကတော့ အသံပြန်ကြားတယ်၊ ဘယ်နှစ်လုံးလဲတော့ မသိဘူး၊ ပေါင် ၅၀၀ ဗုံးကျဲနဲ့ ကျဲချတာဆိုတော့ မီးလောင်တာတွေရှိတယ်၊ ဖုန်းလိုင်းက အဖြတ်ခံထားရတော့ မြို့ထဲနဲ့ က အ ဆက် အသွယ်မရဘူး၊ တိုက်ပွဲကတော့ ပြင်းထန်၊ မြို့တဝက်လောက်မှာက ကျနော်တို့လူတွေရှိတယ်၊ ပြောမယ်ဆိုရင် မြို့တဝက်လောက်ကတော့ ထိန်းထားနိုင်တယ်ပေါ့၊ အဓိက ကျန်တာက ပြည်နယ်ထွေ အုပ်၊ ခရိုင်ထွေအုပ်တို့ ဒကစ၊ နောက်တပ်ရင်းလောက်ပဲ ကျန်တော့တာ၊” ဟု ကရင်နီစစ်ဖက်ဆိုင်ရာ အကြီးတန်းအရာရှိတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ နိုဝင်ဘာလ ၂၉ ရက် နံနက်ပိုင်းမှ ညပိုင်းအထိ လွိုင်ကော်မြို့ပေါ်ရပ် ကွက်များဖြစ်သည့် ဒေါဥခူ ၊ ပန်းသီရိတော၊ နောင်ယားရပ်ကွက်များအပါ အဝင် မြို့ပေါ်ရပ်ကွက်များကို အကြမ်းဖက်စစ်‌ ကောင်စီတပ်က လေကြောင်းမှတဆင့် ပေါင် ၅၀၀ ဗုံး ၁၀ လုံးထက်မနည်းအသုံးပြုကာ ကျဲချတိုက် ခိုက်ခဲ့ကြောင်း၊ ထို့အပြင် လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၊ထို့သို့ ပစ်ခတ် တိုက်ခိုက်မှုကြောင့် ပြည်သူ့နေအိမ်များ ထိခိုက် ပျက်စီးမှုရှိကြောင်း၊ အကြမ်း ဖက်စစ်တပ်က ပစ်ခတ် ခံရသည့် ပြည်သူ့အချို့ ရုပ် လောင်းများကျန်ရှိနေပြီး နှစ်ဘက်တိုက်ပွဲပြင်းထန်နေသဖြင့် ကောက်ယူရန် ခက်ခဲနေကြောင်း ၊ ပြီးခဲ့ သည့်နိုဝင်ဘာလ ၂၂ ရက်နေ့ကလည်း ပိတ်မိနေသည့် စစ်ဘေးရှောင်ပြည်သူ များ ကို ကယ်ထုတ်စဉ် အ ကြမ်းဖက်စစ်တပ်က ပစ်ခတ်ခံရပြီး ကယန်းပြည်သစ်တပ်ဖွဲ့၀င် စောနေမှူး နှင့် အောင်မျိုးသန့်တို့ ၂ ဦး သေဆုံးခဲ့ရကြောင်း သိရှိရသည်။

“စစ်ဘေးမရှောင်ပဲ ကျန်နေတာက ပြည်သာယာရပ်ကွက်နဲ့ နန်းပေါ်ရွာရပ်ကွက်ရယ်ပဲ ရှိတော့တာ၊ တ ခြားသူ တွေက တယောက်တစ်ပေါက်ဆီပြေးကြတာ၊ အခြား ပြည်နယ်ဘက်တို့၊ ရှမ်းပြည်ဘက်တို့ တောင်ကြီးဘက်တို့ နောက်ပြီးတော့ လွိုင်ကော်အရှေ့ခြမ်းတို့၊ ဒီးမော့ဆိုတို့ဘက်ကို ပြေးတဲ့သူတွေ လည်းရှိတယ်ပြောတယ်၊ လွိုင်ကော်မြို့ပေါ်မှာ မပြေးတာဆိုလို့ နှစ်ရပ်ကွက် လောက်ပဲကျန်တယ်၊ တ ခြားရပ်ကွက်ကလူတွေလည်း ပြည်သာယာနဲ့ နန်းပေါ်ရွာရပ်ကွက်မှာ ပြောင်းနေကြတာရှိတယ်၊” ဟု ကရင်နီစစ်ဖက်ဆိုင်ရာ အကြီးတန်းအရာရှိတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆို သည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *