အမယ် တန်းလေးစီပီးအိပ်နေလိုက်ကြတာ

Breaking News- ကိုးကန့်ဒေသ၊ ရှီးရှမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်၏ တပ်ရင်းတစ်ခုလုံး ပြုတ်သည်အထိ သေဆုံးခဲ့ကြောင်း MNDAA ပြောခွင့်ရပုဂ္ဂိုလ် လီကျားဝင်း အတည်ပြု

■ စစ်ကောင်စီတပ်သားများ ရာဂဏန်းချီ အစုလိုက်အပြုံလိုက်သေဆုံးနေပြီး ထိုဗီဒီယိုကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် ကြည့်ရှုနိုင်

ရန်ကုန်၊ ဒီဇင်ဘာ ၂

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသ၊ ရှီးရှမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်၏ တပ်ရင်းတစ်ခုလုံး သေဆုံးခဲ့ကြောင်း MNDAA ပြောခွင့်ရပုဂ္ဂိုလ် လီကျားဝင်း အတည်ပြုပြောဆိုသည်။

MNDAA တပ်များက ကိုးကန့်၊ ရှီးရှမ်းဒေသတွင် ဒီဇင်ဘာလ ၁ ရက်နေ့ နယ်မြေ ရှင်းလင်းလုပ်စဉ် စစ်ကောင်စီတပ်ရင်းတစ်ခုနှင့်တွေ့ဆုံပြီး တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီတပ်ဘက်မှ တပ်ရင်းတစ်ခုလုံး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကိုးကန့်ဒေသ ရှီးရှမ်း‌ဒေသ လျှောက်ကိုင်းရွာအုပ်စု၊ ၀ဆူဆိုက်ရွာနဲ့ စူစာဆိုက်ရွာအကြား တောင်ကုန်းကို ကျနော်တို့ နယ်မြေရှင်းလင်းစဉ်မှာ ထိတွေ့တိုက်ပွဲ ဖြစ်ပြီး အကုန်လုံးကို ရှင်းလင်းနိုင်ခဲ့တာပါ” ဟု MNDAA ပြောခွင့်ရပုဂ္ဂိုလ် လီကျားဝင်းက ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်က ရရှိထားသော ဗီဒီယိုထဲတွင် စစ်ကောင်စီတပ်သား ရာဂဏန်းနီးပါး တောင်ကုန်းဘေး လမ်းဘေးတွင် အစုလိုက်အပြုံလိုက် သေဆုံးခဲ့သည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *