ရင်နာစရာကောင်းလိုက်တာကွာ စခ ခဝေးတွေမြန်မြန်ရှုံးပါစေ

ကော့ကရိတ်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ ၆ ဦးထက်မနည်းသေဆုံး၊ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦး ကျဆုံး

BVJ/KNT၊ ဒီဇင်ဘာ ၂၊ ၂၀၂၃

ဒီဇင်ဘာ ၁ ရက် မနက်ပိုင်းကနေစပြီး ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ကို စစ်ကောင်စီတပ်က လေ ကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်ခဲ့တဲ့အတွက် ဒေသခံပြည်သူ ၆ ဦးထက်မနည်း သေ ဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က ၉ ဦး ဒဏ်ရာရရှိခဲ့ပြီး အဲဒီထဲက ၄ ဦး ကျဆုံးသွားတယ်လို့လည်း သိရပါတယ်။

“မနေ့က ပူးပေါင်းတပ်ဘက်က ၉ ယောက်ထိတယ်၊ တစ်ယောက်ကတော့ ကျဆုံးသွားတယ်၊ ကျန်တဲ့သူတွေကို ကယ်ထုတ်ဖို့အတော်လေးကြိုးစားခဲ့ရတယ်။ ညနေ ပိုင်းအထိ မထုတ်နိုင်သေး ဘူး၊ ညဘက်မှ ထုတ်လို့ရတယ်” လို့ ကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ကော့ကရိတ်တောင်ပိုင်း ကျေးရွာများနဲ့ မြို့တွင်း လူနေရပ်ကွက်တွေအပေါ် စစ်ကောင်စီ က နေ့ ရော ညပါ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက် ဗုံးကြဲခဲ့တဲ့အတွက် ဒီဇင်ဘာ ၁ ရက်ကနေ ၂ ရက် နံနက်ပိုင်းအထိ အရပ်သားပြည်သူ နေအိမ်တွေ ထိခိုက်ပျက်စီးမှုရှိနေပြီး ပြည်သူ ၆ ဦး ထက်မနည်း ထိခိုက်သေဆုံးတာလို့လည်း သိရပါတယ်။

ရွာသစ်ကုန်း၊ ကမိုင်ကုန်း၊ သပြေကုန်း အင်းစောင်း အိမ်စု စတဲ့ ရပ်ကွက်တွေထဲက ထိခိုက်ဒဏ် ရာရသူတွေဟာ ဆေးအကူအညီလို့ သေဆုံးသူတွေ ရှိတယ်လို့လည်း သိရပါတယ်။ စစ်ကောင်စီ တပ်က လမ်းပိတ်ထားတဲ့အတွက် ကယ်ထုတ်ပြီး ဆေးရုံဆေးခန်းပို့ဖို့ အခက်အခဲ ရှိနေပါတယ်။

ဒီဇင်ဘာ ၁ ရက်၊ မနက် ၄ နာရီကစတင်ပြီး ကော့ကရိတ်မြို့အတွင်း ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မ တော်-KNLA ပူးပေါင်း တပ်နဲ့ စစ်ကောင်စီ တပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး ပူးပေါင်းတပ် ဖက်က အထိအခိုက်အကျအဆုံးရှိတယ်လို့လည်း သိရပါတယ်။ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကို မသိရှိရသေးပါဘူး။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *