ပြည်သူတွေကအပြစ်မရှိဘူး အပြစ်ရှိတဲ့သူတို့ကိုမိရင်ထိုက်သင့်တဲ့အပြစ်ပေးသင့်တယ်

မုံရွာမြို့နယ်၊ ကြာပိုင်ကျေးရွာမှ ပြည်သူ ၁၁ ဦးကို စစ်တပ်က အရှင်လတ်လတ် မီးရှို့သတ်ဖြတ်

ဒီဇင်ဘာလ ၃ ရက်

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ကြာပိုင်ကျေးရွာကို မနေ့ ဒီဇင်ဘာ၂ ရက်နေ့မှာ စစ်ကောင်စီနဲ့ ပျူစောထီးတွေက စီးနင်း၀င်ရောက်ခဲ့ပြီးကျေး ရွာကို မီးရှို့ခဲ့ဖျက် ဆီးပြီးနောက် အပြစ်မဲ့ပြည်သူ ၁၁ ဦးကို လည်း အရှင်လတ်လတ် တိုက်ပိတ်မီးရှို့သတ်ဖြတ်သွားတယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်။

မနေ့ ဒီဇင်ဘာ၂ ရက် မနက် ၈ နာရီ၀န်းကျင်မှာ ကြာပိုင်ကျေးရွာကို စစ်ကောင် စီတပ်ဖွဲ့ နဲ့တောပုကျေးရွာ ပျူစောထီးတွေက ၀င်ရောက်မီးရှို့ခဲ့ကြတာ ဖြစ်ပါတယ်။

“တိုက်ထဲမှာ မီးလောင်သေနေတဲ့လူတွေ တွေ့ခဲ့တယ်။ ၁၁ယောက် လောက်တော့ ရှိတယ်။တိုက်ပိတ်ပြီး မီးရှို့အသတ်ခံလိုက်ရတာ”လို့ပြည်သူ့ကာကွယ် ရေးအဖွဲ့၀င်တစ်ဦးက ပြောပါတယ်။

စစ်တပ်က အရှင်လတ်လတ် မီးရှို့သတ်ဖြတ်သွားသူများမှာ-

၁- ကိုစိုးမိုးသူ အသက် ၂၉ နှစ်

၂- ဦးစံရွှေ အသက် ၄၃ နှစ်

၃- ကိုချမ်းငြိမ်း အသက် ၂၉ နှစ်

၄-ပါမီးရာ အသက် ၃၇ နှစ်

၅-ဦးဆန်းဝင်း အသက် ၅၃ နှစ်

၆-ငဒိုး အသက် ၃၈ နှစ်

၇- ကိုလှိုင်ဝင်း အသက် ၃၈ နှစ်

၈-မောင်ထွန်းထွန်း အသက် ၂၀ နှစ်

၉-ကိုလှိုင်သူရ အသက် ၂၃ နှစ်

၁၀-ဦးထွန်းခင် အသက် ၄၃ နှစ်

၁၁- အမည်မသိရသေး တို့ဖြစ်ကြောင်း သိရှိရပါတယ်။

မုံရွာ-မန္တလေးလမ်းပိုင်း စွမ်းရည်ထက် ဆီဆိုင်က စစ်ကောင်စီတပ်နဲ့ တောပုကျေးရွာ ပျူစောထီးတွေက ကြာပိုင်ကျေးရွာကို မီးရှို့ခဲ့ကြတာဖြစ်ပါတယ်။

ဒီဇင်ဘာ ၁ ရက် ညပိုင်းက တောပု(ရွာသစ်)ပျူစောထီးရွာကို ဒေသကာကွယ် ရေးပူးပေါင်းအဖွဲ့က ၀င်ရောက်တိုက်ခိုက်ခံရပြီး မနက်ပိုင်းမှာ စစ်ကောင်စီနဲ့ ပျူစောထီးတွေက ကျေးရွာကို စီးနင်းမီးရှို့ပြီး ပြည်သူ ၁၁ ဦးကို မီးရှို့သတ်ဖြတ်လိုက်တာလည်းဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ ပျူစောထီးတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၄၀၀ ၀န်းကျင်ရှိတဲ့ ကြာပိုင်ကျေးရွာတစ်ရွာလုံးနီးပါး မီး လောင်ပျက်းစီးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့ဟာ ကြာပိုင်ရွာကနေ မနေ့ ညနေ ၃ နာရီ၀န်းကျင်မှာ တပ်ပြန်ဆုတ်သွားပြီး ဒေသကာကွယ်ရေးအဖွဲ့တွေက ၀င်ရောက်ပြီး မီးငြိမ်းသတ်ခဲ့ချိန်မှာ တိုက်အတွင်းမီးလောင်သေဆုံးနေသူတွေရဲ့အလောင်းတွေတွေ့ခဲ့ရတာဖြစ်တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့၀င်တွေက ပြောပါတယ်။လ

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *