လွိုင်ကော်မြို့မှ ခလရ ၅၄၏ လနတိုက်ပြာကျ

လွိုင်ကော်မြို့မှ ခလရ ၅၄ ၏လက်နက်တိုက်ပြာကျ

ဒီဇင်ဘာလ ၃ ရက်

ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သော လွိုင်ကော်မြို့အခြေစိုက် ခြေလျင်တပ်ရင်း(ခလရ ၅၄)တပ်အတွင်းရှိ လက်နက်တိုက်ပြာကျသွားကြောင်း လွိုင်ကော် PDF ကထုတ်ပြန်သည်။

စစ်ကောင်စီတပ်တွင်း ဖရဲသီး၏သတင်းပေးမှုအရ လွိုင်ကော်အခြေစိုက် ခလရ ၅၄ တပ်တွင်းရှိ လက်နက်တိုက်ကို ဒီဇင်ဘာ ၁ ရက်က လွိင်ကော် PDF နှင့် Falcon Wings တို့ ပူးပေါင်း တိုက်ခိုက်ခဲ့သည်ဟု အသိပေးထားသည်။ ဒရုန်းဖြင့်တိုက်ခ်ုက်မှုကြောင့် ပေါက်ကွဲပြီးနောက်လက်နက်တိုက်မှာ မီးလောင်ကျွမ်း ပေါက်ကွဲမှုများဆက်လက်ဖြစ်ပွားပြီး အဆောက်အအုံရော ၊လက်နက်ခဲယမ်းများပါ ပြာကျသွားခြင်းဖြစ်သည်။

“စစ်ကောင်စီရဲ့ လွိုင်ကော်မြို့အခြေစိုက် ခလရ ၅၄တပ်အတွင်းမှာရှိတဲ့ လက်နက်တိုက်ကို မြေပုံပေါ်မှ ဖျောက်ဖျက်ပစ်လိုက်ပြီဖြစ်ပါတယ်”ဟု လွိုင်ကော်PDFက ရုပ်ပုံနှင့်တစ်ကွ ထုတ်ပြန်သည်။

လက်ရှိအခြေအနေအရ စစ်ရေးအရှိန်အဟုန်မြင့်တက်လာသည့်အတွက် ပြည်သူများ၏ ထောက်ပံ့မှုများစွာ လိုအပ်နေသေးပြီး ပါဝင်ပေးကြရန်လည်း မေတ္တာရပ်ခံထားသည်။

နိုဝင်ဘာ ၁၁ ရက်က စတင်ခဲ့သည့် ကရင်နီတပ်ပေါင်းစု၏ ၁၁၁၁ စစ်ဆင်ရေးတွင် လွိုင်ကော်မြို့၏ သုံးပုံနှစ်ပုံကို တော်လှန်ရေးတပ်ပေါင်းစုက တပ်ဖြန့်ထားနိုင်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် -KNDF က အသိပေးထားသည်။

လက်ရှိအချိန်ထိ လွိုင်ကော်မြို့တိုက်ပွဲ၌ စစ်ကောင်စီတပ်သား သေ ဆုံးမှုမှာ ၂၀၀ ထက်မနည်း ရှိနေပြီး လွိုင်ကော်မြို့တွင်း စစ်ကောင်စီတပ်က အခြေစိုက်တပ်ရင်းများ၊ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) ၊ ရဲစခန်း၊ အစိုးရရုံး၊ ဌာနဆိုင်ရာရုံးတချို့၊ အထပ်မြင့်အဆောက်အအုံ၊ စာသင်ကျောင်း၊ တက္ကသိုလ် နှင့် ဘာသာရေးဘုရားကျောင်းများတွင် တပ်စွဲထားပြီး မြို့တွင်းတိုက်ပွဲများပြင်းထန်​နေသည်။

စစ်တပ်က ​လေ​ကြောင်းနှင့် လက်နက်ကြီးကိုအဓိကအသုံးပြု၍ တိုက်ခိုက်​နေသည်၊

(စစ်​ကောင်စီတပ်၏ ခလရ ၅၄ လက်နက်တိုက် ဒရုန်းဖြင့်တိုက်ခိုက်မခံရခင် အ​ပေါ်ပုံ နှင့် တိုက်ခိုက်ခံရပြီး​နောက် ပျက်စီးသွားမှု ​အောက်ပုံ။ ဓါတ်ပုံ – လွိုင်​ကော်PDF)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *