အကြမ်းဖက်စစ်တပ်အထိုင်စခန်းတွေကို ထိထိရောက်ရောက်တိုက်ခိုက်နိုင်ဖို့ ကျေးရွာတပ် ပေါင်းစုက တော်လှန်မိဘပြည်သူထံ အကူအညီတောင်းခံ (ရုပ်/သံ)
ဒီဇင်ဘာ ၃ ရက်
ကျေးရွာတပ်ပေါင်းစု (Myaung) က နိုဝင်ဘာလအတွင်း မိဘပြည်သူများရဲ့ လှူဒါန်းမှုနဲ့ မောင်း ပြန်AK47 သုံးလက် ဝယ်ယူဖြည့်တင်းနိုင်ခဲ့ပြီး ၆၀ မမ လက်နက်ကြီးကိုလည်း ထုတ်လုပ်နိုင်ခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်အထိုင်စခန်းတွေကို ထိထိရောက်ရောက်တိုက်ခိုက်နိုင်ဖို့ လိုအပ်လျက်ရှိတဲ့ ခဲယမ်းနဲ့ ကျည်ဆန်ဖိုးများကို ထပ်မံဖြည့်တင်းလှူဒါန်းပေးကြပါရန် ကျေးရွာတပ်ပေါင်းစုက တော်လှန်မိဘပြည်သူထံ အကူအညီတောင်းခံထားပါတယ်။