ထန်တလန်မြို့ကတော့မိမိုက်နေပြီ

ထန်တလန်မြို့တွင် ကိုယ်ပိုင်ကွန်ရက်ဖြင့် ပြည်သူ့အုပ်ချုပ်ရေးရုံးများအား အင်တာနက်စတင်ပံ့ပိုး

စောနွေဦး/People’s Spring

ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် အင်တာနက်ကွန်ရက်ကို ပြည်သူ့အုပ်ချုပ်ရေးဌာနအချို့ကို စတင်ပံ့ပိုးနိုင်ပြီဖြစ်ကြောင်း Team ZNETက ယမန့်နေ့တွင် အသိပေးထုတ်ပြန်သည်။

ထန်တလန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးလက်အောက်ရှိ နည်းပညာအထောက်အကူပြုဌာနဖြစ်သည့် Team ZNETက ကိုယ်ပိုင် အင်တာနက်ဆက်သွယ်ရေးစနစ်သစ်ကို တစ်နှစ်နှင့်လေးလအချိန်ယူဆောင်ရွက်ခဲ့ရခြင်းဖြစ်သည်။

ချင်းပြည်နယ်အတွင်းတိုက်ပွဲများ ရလဒ်ကောင်းများရှိနေသော်လည်း လာမည့် သုံးနှစ်မှ လေးနှစ်အတွင်း ဖုန်းလိုင်းနှင့် အင်တာနက်ဆက်သွယ်ရေးများ ပြန်လည်ပြုပြင်နိုင်ရန် ကြိုတင်အာမခံရန်ခက်ခဲ့သည့်အတွက် ကြားကာလဆက်သွယ်ရေးကို ဦးစားပေးဆောင်ရွက်ရခြင်းဖြစ်သည်ဟု Team ZNETက ဆိုသည်။

ယခုစနစ်သည် ကြိုးမဲ့အင်တာနက်စနစ်ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်း (၅)ခု၊ ပြည်သူ့အုပ်ချုပ်ရေးဌာနရုံး (၂)ခု၊ ပြည်သူ့ရဲစခန်းနှင့် ပြည်သူ့ကျန်းမာရေးဌာနတို့ကို အင်တာနက်ပံ့ပိုးနိုင်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါအဖွဲ့က အသိပေးသည်။

“အင်တာနက်ရှိခြင်းက တော်လှန်ရေးအတွက် မရှိမဖြစ်လိုအပ်နေတဲ့အတွက်ရယ်၊ အုပ်ချုပ်မှုယန္တရားများအတွက်ရယ် လုံခြုံစိတ်ချရသော အင်တာနက်ကွန်ရက် အလွန်လိုအပ်နေတယ်”ဟု Team ZNETက ဆိုသည်။

ထန်တလန်မြို့သည် နွေဦးတော်လှန်ရေးအတွင်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့သည့် ပထမဦးဆုံးမြို့ဖြစ်ပြီး မြို့နယ်အတွင်း ပြည်သူများမှာ အင်တာနက်ကို ၂ နှစ်ကျော် ဝေးကွာနေခြင်းဖြစ်သည်ဟု ၎င်းတို့အဖွဲ့က ထုတ်ပြန်သည်။

၂၀၂၄တွင် ထန်တလန်မြို့ကို အင်တာနက် ၅၀ ရာခိုင်နှုန်းရရှိအောင် ဆောင်ရွက်မည်ဟု ဆိုသည်။

(Team ZNET၏ ဆက်သွယ်ရေးကွန်ရက်အား တွေ့ရစဥ်။ ဓာတ်ပုံ – ZNET)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *