သူတို့လည်းကြွေးကြော်သံနဲ့ပဲ ခုမှသင်တန်းဆင်းလာတာဖြစ်မယ်

ရန်ကုန်မှ ကားစီးရေ ၂၀ ကျော် ပါဝင်သော စစ်ကားတန်းက စစ်သီချင်းများ ကြွေးကြော်ရင်း ပဲခူးတိုင်းဘက်သို့ ဦးတည်သွား

ဒီဇင်ဘာ ၃ ရက်

ရန်ကုန်တိုင်းမှ ယာဉ်စီးရေ ၂၀ ကျော် ပါဝင်သော စစ်ကားတန်းသည် ပဲခူးတိုင်းဘက်သို့ စစ်သီချင်းများ ကြွေးကြော်ရင်း သွားနေကြောင်း စစ်ရေး သတင်းရင်းမြစ်များနှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂ ရက်နေ့မှ ဒီဇင်ဘာလ ၃ ရက်နေ့အထိ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့တွင် မြို့သိမ်းတိုက်ပွဲဖြစ်ပွားပြီးနောက် ရန်ကုန်တိုင်း၊ မှော်ဘီမှ တပ်များ အပါအဝင် စစ်ကား အစီး ၂၀ ကျော်က “ရဲရဲတောက် ဒို့ဗမာတွေ သတ္တိခဲတွေ ” အစချီသည့် စစ်သီချင်းကို ကားပေါ်မှ စစ်သားများက သီဆို ကြွေးကြော်ရင်း ပဲခူးတိုင်းဘက်သို့ ဦးတည်သွားနေကြောင်း သိရှိရသည်။

“အခုတင် မှော်ဘီမြို့မဈေး အရှေ့ကနေ ရှေ့တန်းထွက်မယ့် စစ်ကား ( စစ်ဝတ်တန်ဆာ အပြည့်အစုံနဲ့) ရဲရဲတောက်တို့ဗမာတွေသီချင်း သံပြိုင်အော်ပြီး သွားနေကြတယ်။ အခုလေးတင်ပဲ စစ်ကား ၂၀ စီးကျော်မယ်၊ တစ်စီးကို စစ်သား အင်အား ၂၀ ကျော်လောက်ပါမယ်။ ပဲခူးဘက်ကို ဦးတည်တယ်။ ကြည့်ရတာ အခု တိုက်ပွဲဖြစ်နေတဲ့ ကျောက်ကြီးဘက်ကိုသွားမယ်လို့ သိရတယ်။ လက်နက်အပြည့်အစုံပါတယ်။ အမြောက်တွေလည်းပါတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် ပဲခူးတိုင်း ၊ ဖြူးမြို့နယ်၊ အုတ်ဖြတ်ကျေးရွာဘက်မှလည်း စစ်ကား ၅ စီး လက်နက်အပြည့်အစုံဖြင့် ဖြတ်သန်းသွားကြောင်း၊ စစ်ကားများ၏ ဦးတည်ချက်သည် တိုက်ပွဲဖြစ်ပွားနေသည့် မုန်းမြို့ဘက်သို့ ဦးတည်နိုင်ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်ကားတန်း။( ပုံအဟောင်းဖြစ်ပါသည်။)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *