မြိုင်မြို့နယ် သရက်ကွပျူစခန်းကို SHAR HTOO WAW နည်းပညာသုံး ဒရုန်းတွေနဲ့ ဗုံးသီးကြဲချ တိုက်ခိုက် (ရုပ်/သံ)
+++++++++++++++
ဒီဇင်ဘာ ၄ ရက်
မကွေးတိုင်း မြိုင်မြို့နယ် သရက်ကွပျူစောထီးစခန်းကို နိုဝင်ဘာ ၂၉ ရက် နံနက် ၁၁ နာရီခန့်က SHAR HTOO WAW နည်းပညာသုံး ဒရုန်းတွေနဲ့ 400g, 800g ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့ တယ်လို့ ပခုက္ကူခရိုင် တပ်ရင်း ၁၀၊ အမှတ် ၁ စစ်ဒေသမှ သတင်းရရှိပါတယ်။
အထက်ပါစစ်ဆင်ရေးကို ပခုက္ကူခရိုင် အမှတ်(၁၀) တပ်ရင်း၊ ပခုက္ကူခရိုင် အမှတ်(၃) တပ်ရင်း
ဝံပုလွေ ပြောက်ကျားတပ်ဖွဲ့ (မြိုင်)၊ Dar Min Gyi People’s Defense Forceနဲ့ Kingsman UG Force တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။