မအိမ်ခင် သိမ်းလိုက်တဲ့သတင်းလေး မွှင်းခါး၇ပွဲက အပိုပေါ့

ဆိပ်ဖြူမြို့နယ်ရှိ ကန်ဇွန်းမရဲစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ဘက်မှ ၇ ဦးသေဆုံး၊ မိုးညှင်းမြို့နယ်၊ အုန်းစံဆိုင်ရွာရှိ ကျောက်ဖြူတောင်စခန်းကို KIA၊ KPDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက် သိမ်းပိုက်

ရန်ကုန်၊ ဒီဇင်ဘာ ၅

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ ကန်ဇွန်းမရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ရာ စစ်ဘက်မှ ၇ ဦးသေဆုံးခဲ့ကြောင်း ဆိပ်ဖြူဘာမထီ ဒေသကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ဆိပ်ဖြူမြို့နယ်ရှိ ကန်ဇွန်းမ ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ဘက်မှ ၇ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဆိပ်ဖြူမြို့နယ် ကန်ဇွန်းမရဲစခန်းကို ဆိပ်ဖြူဘာမထီ ဒေသ ကာကွယ်ရေး တပ်ဖွဲ့နဲ့ မဟာမိတ်တွေ ဝင်ရောက် တိုက်ခိုက်ခဲ့တယ်။ အဲရဲစခန်းက စစ်တပ်အခြေစိုက် တပ် ၄ ၀န်းရံထားတဲ့ စခန်းပါ။ ရဲခွေး ၂ ကောင်နဲ့ စစ်ခွေး ၅ ကောင် သေတယ်။ ၁၅ကောင် ဒဏ်ရာ ပြင်းထန်းတယ်။ တိုက်ပွဲကြာချိန်က ၁ နာရီခွဲပါ” ဟု ဆိပ်ဖြူဘာမထီ ဒေသကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

တိုက်ခိုက်မှု အတွင်း ရဲစခန်းအတွင်းရှိ နယ်ထိန်း အိမ်နှင့် အဆောက်အဦး တချို့ကို မီးရှို့ရှင်းလင်းခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ကူများ လာနိုင်သည့်အတွက်ကြောင့် ရဲစခန်းကို အပြီးသတ် တိုက်ခိုက် သိမ်းပိုက်မှု မပြုလုပ်ဘဲ တော်လှန်ရေး တပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရသည်။

အလားတူ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အုန်းစံဆိုင်ရွာရှိ ကျောက်ဖြူတောင်စခန်းကို KIA၊ KPDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၅ ရက်နေ့ နံနက် ၁ နာရီခန့်တွင် မိုးညှင်းမြို့နယ်၊ အုန်းစံဆိုင်ကျေးရွာ အနောက် မိုးညှင်း-အင်းတော်ကြီး လမ်းပိုင်းရှိ ကျောက်ဖြူတောင်စခန်းကို KIA နှင့် မိုးညှင်း Kpdf ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး စခန်းကို မီးရှို့ဖျက်ဆီးကာ လက်နက်နှင့် ခဲယမ်းတချို့ရရှိခဲ့ပြီး အရှင် ဖမ်းဆီး ရမိသူများလည်းရှိကြောင်း သိရသည်။ ခေတ်သစ်သတင်း

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *