မနက်ခင်းမဂ်လာသတင်း ငပုမွဲနေပြီ

Breaking News- စစ်ကောင်စီထံတွင် ဒေါ်လာ ပြတ်လပ်သွားသဖြင့် ဗဟိုဘဏ်သတ်မှတ်စျေးနှင့် ရောင်းချပေးမှုအားလုံး ရပ်ဆိုင်းပြီး စျေးကွက်ပေါက်စျေးအတိုင်း ရောင်းဝယ်ရန် ကြေညာ၊ စက်သုံးဆီ အပါအဝင် သွင်းကုန်သမားများ ဒေါ်လာ မရှိ၍ ဒေါ်လာဝယ်လိုအား ထိုးတက်နေ

ရန်ကုန်၊ ဒီဇင်ဘာ ၅

အကြမ်းဖက်စစ်ကောင်စီထံတွင် အမေရိကန်ဒေါ်လာ ပြတ်လပ်နေသဖြင့် ဗဟိုဘဏ်က စျေးကွက်ပေါက်စျေးထက် သက်သာသော သတ်မှတ်စျေးနှုန်း ဖြင့် သွင်းကုန်သမားများထံ ရောင်းချပေးမှုအားလုံးကို ရပ်ဆိုင်းလိုက်ပြီး စျေးကွက်ပေါက်စျေးအတိုင်း ရောင်းဝယ်ရန် ယနေ့ ကြေညာလိုက်ကြောင်း သိရှိရသည်။

ယနေ့ ထုတ်ပြန်လိုက်သည့် စစ်ကောင်စီ၏ ဗဟိုဘဏ် ကြေညာချက်တွင် နိုင်ငံခြားသုံးငွေများ ရောင်းဝယ် ဖောက်ကားသည့် လုပ်ငန်း AD လိုင်စင်ရ ဘဏ်များအနေဖြင့် နိုင်ငံခြားငွေစျေးကွက် တွင် အရောင်းအဝယ်ပြုလုပ်ရာတွင် ငွေလဲလှယ်နှုန်းကို ဗဟိုဘဏ်က သတ်မှတ်ပေးမည်မဟုတ်တော့ဘဲ စျေးကွက်အတွင်း နိုင်ငံခြားငွေ ရောင်းချလိုသူနှင့် ဝယ်ယူလိုသူတို့က တင်သွင်းသော ငွေလဲလှယ်နှုန်းပေါ်မူတည်၍ စျေးကွက်ပေါက်စျေးအတိုင်း လွတ်လပ်စွာ ဆောင်ရွက်ရန် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

“ကျနော်တို့ သိထားတာတော့ သူတို့ဆီမှာ ဒေါ်လာ မရှိတော့ဘူး။ အဲဒီတော့ ဗဟိုဘဏ်သတ်မှတ်စျေးနဲ့ ရောင်းပေးခဲ့တာတွေ မလုပ်နိုင်တော့ဘူး။ ၃ နှစ်တောင် တောင့်ခံလိုက်တာဆိုတော့ ဒေါ်လာ မရှိတော့ဘူးလို့ ပြောလို့ရတယ်။ အခု ဆီသမားတွေ သွင်းကုန်သမားတွေအားလုံး စျေးကွက်ထဲက လိုက်ဝယ်ရမှာဆိုတော့ အကုန်ဒုက္ခရောက်နေကြပြီ” ဟု UMFCCI မှ စီးပွားရေးသမားတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် ဗဟိုဘဏ်၏ ကြေညာချက်ကြောင့် စျေးကွက်တွင် အမေရိကန်ဒေါ်လာတန်ဖိုး မတည်မငြိမ်ဖြစ်နေပြီး မြင့်တက်နေကြောင်း၊ ဒီဇင်ဘာလ ၆ ရက်နေ့ မနက်ဖြန် စျေးကွက်ဖွင့်ချိန်တွင် စျေးကွက် ကသောင်းကနင်းဖြစ်နိုင်ကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *