ရန်ကုန်တွင် ရန်များကုန်သည်အထိ စစ်ဆင်ရေး တိုးမြှင့်တော့မည်ဟုဆို
ဒီဇင်ဘာလ ၇ ရက်
ရန်ကုန်မြို့တွင် ရန်များကုန်သည်အထိ စစ်ဆင်ရေးများ တိုးမြှင့် ဆောင်ရွက်သွားတော့မည်ဟု သိရသည်။
ရန်ကုန်မြို့တွင် မြို့ပြပြောက်ကျား တပ်ဖွဲ့များပူးပေါင်းကာ စစ်ဆင်ရေးများတိုးမြှင့်ဆောင် ရွက်သွားမည် ဖြစ်၍ ပြည်သူတို့အနေနှင့် စစ်တပ်နှင့်ဆက်စပ်သောနေရာများကို ဝေးဝေးရှောင်ကြရန်လည်း ရန်ကုန်အနောက်ပိုင်းခရိုင် ပကဖ ၏ ဒုစစ်ရေးတာဝန်ခံက ပြောသည်။
“ကျနော်တို့ဟာ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့လည်း တက်ညီလက်ညီ ပူးပေါင်းပြီး ရန်ကုန်မှာ ရန်တွေကုန်သွားတဲ့အထိ တော်လှန်တိုက်ထုတ်သွားမှာပါ” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် မြို့ပြပြောက်ကျားတပ်ဖွဲ့များက ရန်ကုန်မြို့တွင် စစ်ဆင်ရေးများ ပြုလုပ်ရန် ပြင်ဆင်နေ ကြပြီ ဖြစ်ကြောင်း စုံစမ်းသိရသည်။