မန္တလေးတွင်”အမေ့လျော့ခံသူရဲကောင်းများအတွက်”

မန္တလေးတွင် “အမေ့လျော့ခံသူရဲကောင်းများအတွက်ဆက်လက်တ်ိုက်ပွဲဝင်ကြ”စာသားချိတ်ဆွဲ

ရန်ကုန်၊ ဒီဇင်ဘာ ၇

မန္တလေးသပိတ်အင်အားစုမှ အမျိုးသားနေ့တွင် တရားမျှတမှုအတွက် ကိုယ်ကျိုးမဖက်ဘဲ အများအကျိုးအတွက် အသက်ပေးဘဝပေး စတေးခဲ့ကြသည့် ဓမ္မသူရဲကောင်းများကို အမှတ်ရသောအားဖြင့် “အမေ့လျော့ခံသူရဲကောင်းများအတွက်ဆက်လက်တ်ိုက်ပွဲဝင်ကြ”စာတန်းပါစာသားကို အကြမ်းဖက် အာဏာသိမ်းစစ်တပ်မှ ပြည်သူ့မြို့ပြတော်လှန်ရေး ရဲဘော်များကို လက်နက်ကြီး (RPG) အသုံးပြု၍ ထုသဖြင့် PDF ရဲဘော် ၈ ဦး ‌သေဆုံးပြီး ၈ ဦးမတရားဖမ်းဆီးခံခဲ့ရသော ၁၁၁ လမ်း ၅၁လမ်းထောင့်နေအိမ်တွင် ချိတ်ဆွဲခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ရွှေပြည်စိုးစစ်ဆင်ရေးကိုထောက်ခံကြိုဆိုကြောင်းပါ စာတန်းကို ကိုင်စွဲ၍ မန္တလေးမြို့ Welcome To Myanmar ဆိုင်းဘုတ်ရှေ့တွင် ဆန္ဒထုတ်ဖော်ခြင်းနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး စာသားများ ဖြန့်ကျဲခြင်းများ ပြုလုပ်ခဲ့ကြသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *