ဒါကတော့များသွားပြီ ဗိုလ်မှူးချုပ်အဆင့်နော် သူရဘွဲ့ထပ်ရပြန်ပြီနောက်တစ်ကောင်

ကိုးကန့်ဒေသ တိုက်ပွဲတွင် စစ်ကောင်စီ၏ အမှတ် ၁၂ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် အောင်ဇော်လင်း ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသ တိုက်ပွဲတွင် စစ်ကောင်စီ၏ အမှတ် ၁၂ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် အောင်ဇော်လင်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း MNDAA က တရားဝင် သတင်းထုတ်ပြန်သည်။

MNDAA က ကိုးကန့်ဒေသတွင် ပုန်းအောင်းနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပစ်ခတ်နှိမ်နင်းလျက်ရှိရာ အမှတ် ၁၂ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် အောင်ဇော်လင်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၆ ရက်နေ့ စစ်ကောင်စီတပ်ဘက်မှ အကြွင်းအကျန်အဖွဲ့ဝင်များကို MNDAA က ဆက်လက်ရှင်းလင်းရာ ပစ်သတ်ခံရပြီး သေဆုံးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်၏ ရုပ်အ‌လောင်းတစ်လောင်းတွေ့ရှိရကြောင်း၊ ၎င်း‌‌‌ရုပ် အလောင်း ပေါ်တွင် ဗိုလ်မှူးချုပ်ရာထူးတံဆိပ်ကိုတွေ့ရှိကာ သေဆုံးသွားသူမှာ စကခ ၁၂ မှ စကခမှူး အောင်ဇော်လင်းဖြစ် သည်ကို အတည်ပြုနိုင်ခြင်းဖြစ်ကြောင်း၊ ဗိုလ်မှူးချုပ်အောင်ဇော်လင်းသည် စစ်တက္ကသိုလ် အပတ်စဉ် ၄၁ ကျောင်းဆင်းဖြစ်ကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *