မုံရွာမြို့ဆီဆိုင်ကုန်း ကာကင်းစခန်းကိုဝင်ဆော်

မုံရွာမြို့နယ်ရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ်၏ ဆီဆိုင်ကုန်း ကာကင်းစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ

ဒီဇင်ဘာ ၇ ရက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ်၏ ဆီဆိုင်ကုန်း ကာကင်းစခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Depeyin Local Mobile Team တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ဒီဇင်ဘာလ ၅ ရက်နေ့ နံနက် ၁၂ နာရီ ၁၁ မိနစ်ခန့်တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် မြောက်ဘက်ရှိ အင်အား ၂၀ ခန့် ဖြင့် တပ်စွဲထားသော ကာကင်းစခန်းဖြစ်သည့် ဆီဆိုင်ကုန်းစခန်းကို Depeyin Local Mobile Team တပ်ဖွဲ့က ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲ စတင် ဖြစ်ပွားချိန်တွင် တော်လှန်ရေး ရဲဘော်များက ယင်းစခန်းရှိ စစ်သားများ နေထိုင်ရာ တိုက်ခန်း တန်းလျားကို RPG ဖြင့် ပစ်ခတ်ခဲ့ပြီး RPG ထိပ်ဖူး မကွဲခြင်းကြောင့် စစ်သားများ ကစဥ့်ကလျားထွက်ပြေးသွားကြောင်း၊ ထို့နောက် ဒုတိယ အကြိမ် RPG ဖြင့် ထပ်မံ ပစ်ခတ်ရာ စစ်သား ၁ ဦးက ပြန်လည်ခုခံခဲ့ပြီး လက်နက်ချ အညံ့ခံရန် အော်ဟစ်သတိပေးသော်လည်း မလိုက်နာသောကြောင့် တော်လှန်ရေး ရဲဘော်များက ဝင်ရောက် လုံးထွေးကာ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း MA 11 သေနတ် ၁ လက်၊ 5.56 ကျည်ဘောက် ၆ ခု ၊ 5.56 ကျည် ၅၆၅ ထောင့် ၊ ၄၀ မမ ဗုံးသီး ၁၅ လုံး ၊ ဖုန်း ၇ လုံး၊ ကျည်ကာဦးထုပ် ၂ လုံး၊ ကျည်ကာအင်္ကျီ ၂ ထည် ၊ Equipment ၂ စုံ ၊ ခွေးယူနီဖောင်း ၄ စုံ ၊ ကျောပိုးအိတ် ၆ လုံး နှင့် ဆေးပစ္စည်းမျိုးစုံတို့ သိမ်းဆည်းရရှိခဲ့ကြောင်း၊ ယင်း စစ်သား တိုက်ခန်း တန်းလျားကို တော်လှန်ရေး ရဲဘော်များက ဝင်ရောက် ရှင်းလင်းခဲ့ပြီးနောက် မွန်းလွဲ ၁၂ နာရီ ၂၂ မိနစ်ခန့် တွင် ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Depeyin Local Mobile Team စစ်ဆင်ရေး တာဝန်ခံ ကောင်းကင်ကြီးမှ အသေးစိတ်စီစဉ်ပြီး တပ်ခွဲမှူး မိုးကောင်း ဦးစီးအင်အား ၃၀ ခန့်နှင့်အတူ ဒေသ မဟာမိတ်အဖွဲ့တစ်ခုဖြစ်သည့် အားမန်သစ်အဖွဲ့တို့ ပူးတွဲ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *