ပဲဟင်းစားတဲ့ကောင်တွေကို မွှင်းခါးချက်ဖို့ပို့တော့မယ်

Breaking News- တပ်မတော်အက်ဥပဒေ၊ ရာဇဝတ်ဥပဒေများဖြင့် ထောင် ကျ နေသည့် စစ်သားဟောင်းများအားလုံးကို စစ်ကောင်စီက ယနေ့ လွတ်ငြိမ်း ခွင့်ပေးပြီး တစ်ဆင့်တိုးရာထူးဖြင့် စစ်မှု ပြန်ထမ်းခိုင်း

ဒီဇင်ဘာ ၇ ရက်

အကြမ်းဖက်စစ်ကောင်စီက အစိုးရအဆက်ဆက် တပ်မတော်အက်ဥပဒေဖြင့် အကျဉ်းထောင်အသီးသီးတွင် အကျဉ်းချခံနေရသည့် စစ်သားဟောင်းများအားလုံး ကို ယနေ့ လွတ်ငြိမ်းခွင့်ပြုပြီး စစ်တပ်တွင် တစ်ဆင့်တိုးရာထူးဖြင့် စစ်မှုပြန်ထမ်းခိုင်းလိုက်ကြောင်း စစ်တပ်သတင်းရင်းမြစ်များက အတည်ပြုပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၇ ရက်နေ့တွင် မင်းအောင်လှိုင်က အစိုးရအဆက်ဆက် တပ်မတော်အက်ဥပဒေဖြင့် အကျဉ်းကျခံနေသော ရာဇဝတ်သား စစ်သားဟောင်း များကို အကျဉ်းထောင်များမှ လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း၊ လွတ်ငြိမ်းခွင့်ပေးလိုက်သည့် စစ်သားဟောင်းများတွင် စစ်ပြေးမှု ၊ စည်းကမ်းဖောက်ဖျက်မှု ၊ စစ်မှုထမ်းချိန်တွင် ရာဇဝတ်ပြစ်မှု ကျူးလွန်သူများ ပါဝင်ကြောင်း ၊ တမအ၃၇(၁)၊တမအ၆၅၊တမအ-၇၁/ရာ၃၂၄/တမအ-၆၅/၄၇(၂) ဖြင့် ပြစ် ဒဏ်ကျသူများလည်း လွတ်ငြိမ်းခွင့်ရရှိကြောင်း သိရှိရသည်။

လွတ်ငြိမ်းခွင့်ရရှိသည့် စစ်သားဟောင်းများအနေဖြင့် တပ်မတော်အက်ဥပဒေပုဒ်မ-၁၈၂၊ပုဒ်မခွဲ(က)အရ လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့်နေ့မှစ၍ ကျခံနေရသည့် ပြစ်ဒဏ်အချိုးအစားအလိုက် သတ်မှတ်ကာလ သို့မဟုတ် ကိုယ်တိုင်ဆန္ဒပြုသည့်ကာလကို ဆက်လက်စစ်မှုထမ်းရမည်ဖြစ်ကြောင်း၊ ထိုသို့ထမ်းဆောင်ရန်ပျက်ကွက်ပါက ကျန်ရှိသော ပြစ်ဒဏ်ကိုဆက်လက်ကျခံပါမည်ဟူသောစည်း ကမ်းချက်ဖြင့် စစ်တပ်တွင် ပြန်လည် တာဝန်ထမ်းဆောင်ရမည်ဖြစ် ကြောင်း၊ တစ်နည်းအားဖြင့် စစ်သား အင်အားစုဆောင်းလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

လွတ်ငြိမ်းခွင့်ရရှိသည့် ရာဇဝတ်သား စစ်သားဟောင်းများကို ယနေ့ အကျဉ်း ထောင်များမှ အရပ်ဘက်သုံးကားများဖြင့် အရပ်ဝတ်စစ်သားများက လာရောက်ခေါ်ဆောင်သွားပြီး သက်ဆိုင်ရာ စစ်တိုင်းရုံးသို့ တစ်ဆင့်တိုးရာထူးဖြင့် တာဝန်ထမ်းရန် စည်းရုံး၍ တပ်တွင်းသို့ ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင်း ၊ အဆိုပါ ရာဇဝတ်မှုအမျိုးမျိုး ကျူးလွန်ထားသော ထောင်ထွက်စစ်သားများကို လက် နက်တပ်ဆင်၍ ပြည်သူလူထုကြားထဲသို့ လွှတ်မည်ဖြစ်ကြောင်း သိရှိရသည်။

ထိုထောင်ထွက်စစ်သားဟောင်းများသည် ၎င်းတို့ကို အရေးယူနိုင်စရာ မည်သည့် အကြောင်းအရင်းမှ မရှိတော့သည်ကို သိရှိသွားပြီဖြစ်ရာ စည်းလွတ် ဝါးလွတ်ရမ်းကားမိုက်ရိုင်း တော့မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် အသွားအလာအနေအထိုင်များ ပိုမို ဂရုစိုက်ရတော့မည်ဖြစ် ကြောင်း၊ လွတ်မြောက်လာသည့် ထောင်ထွက် စစ်သားဟောင်း အရေအတွက် ၁၀၀၀ ကျော်ရှိနိုင်ကြောင်း စစ်တပ်ဖရဲသီးရင်းမြစ်က ပြောဆိုသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီ၏ စစ်သင်တန်းဆင်းပွဲတစ်ခု။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *