အပုံလိုက်ရပြန်ပြီ ဘာအပုံလိုက်လဲမမေးနဲ့ဝင်ရှိုးလိုက်

မန်တုံမြို့နယ်၊ စစ်ကောင်စီ၏ ခိုမုန်းတပ်စခန်းကို TNLA က တိုက်ခိုက်သိမ်း ပိုက်မှုတွင် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိ

ဒီဇင်ဘာ ၉ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့နယ်၊ စစ်ကောင်စီ၏ ခိုမုန်းတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရရှိမှုတွင် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိကြောင်း TNLA က သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာလ ၇ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန် မန်တုံမြိုနယ် စစ်ကောင်စီ ခိုမုန်းတပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA က ဝင်ရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ အဆိုပါစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ ၆၀ မမ လက်နက်ကြီးအပါအဝင်၊ ပစ္စတို(၁)လက်၊ လက်နက်(၅)လက်၊ ခဲယမ်းများစွာနှင့် စစ်သုံးပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း TNLA က ဆိုသည်။

၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့သည့် အောက်တိုဘာ ၂၇ ရက်မှ ဒီဇင်ဘာလ ၈ ရက်နေ့အထိ တအာင်းပြည်နယ်အတွင်း စစ်ကောင်စီ တပ်စခန်း (၅၃ )ခုကို ရှင်းလင်းသိမ်းပိုက် ရမိပြီးဖြစ်ကြောင်း TNLA က တရားဝင်ကြေညာသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *