ဒေါက်တာတို့လည်တယ်နော် ကားပါယူလာတယ်

ကနီမြို့နယ် ပြည်သူ့ဆေးရုံ၊ ငှက်ဖျားဌာနမှ ဆရာဝန်တစ်ဦး လူနာတင်ယာဉ် ၁ စီး ယူဆောင်လာပြီး အလင်းဝင်

ဒီဇင်ဘာလ ၉ ရက်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ပြည်သူ့ဆေးရုံမှ ဆရာဝန်တစ်ဦး လူတင်ယာဉ်တစ်စီးနှင့်အတူ ပြည်သူ့ ရင်ခွင်ထံ အလင်းဝင်ရောက်ခဲ့ကြောင်း အာဏာရှင် တော်လှန် ရေးပြည်သူ့တပ်မတော် – ADPRA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဒီဇင်ဘာလ ၅ ရက်နေ့က ကနီမြို့နယ် ပြည်သူ့ဆေးရုံ၊ ငှက်ဖျားဌာနမှ PS ရာထူးအဆင့်ရှိသူ ဆရာဝန် ဦးနေဇာအောင်သည် ကနီမြို့နယ် ပြည်သူ့ဆေးရုံမှ လူနာတင်ယာဉ်တစ်စီးနှင့်အတူ ယင်းမာပင်ခရိုင် တပ်ရင်း ၃၀ – ADPRA ထံအလင်းဝင်ရောက်ခဲ့ပြီး ၎င်းကို နွေးထွေးစွာကြိုဆိုကာ ၎င်းဖြစ်ချင်သည့် ဆန္ဒအတိုင်း စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

“ကနီမြို့နယ် ပြည်သူ့ဆေးရုံ၊ ဌက်ဖျားဌာနက PS အဆင့်ရှိတဲ့ ကျန်းမာရေးဝန်ထမ်း ဦးနေဇာအောင် ပေါ့၊ သူက ကနီမြို့နယ်ပြည်သူ့ဆေးရုံဆိုတဲ့ Ambulance ကားကိုယူပြီးတော့ ကျနော်တို့ ယင်းမာပင် ခရိုင်တပ်ရင်း ၃၀ – ADPRA ဆီကို အလင်းဝင်လာတာပေါ့၊ လက်ရှိမှာတော့ လိုအပ်တဲ့ လူ့အခွင့်အရေး အပြည့်အဝရရှိအောင်ဆောင်ရွက်နေပါတယ်၊ အလင်းဝင်သူတိုင်းကိုတော့ လူသားဂုဏ်သိက္ခာနဲ့အညီ လူ့အခွင့်အရေး အပြည့်အဝရရှိအောင် ကူညီတယ်၊ ပြီးတော့ ယူဆောင်လာတဲ့ ပစ္စည်းတွေ အပေါ်မှာ မူတည်ပြီး ဆုကြေးအဆင့်ဆင့်ချီးမြှင့်တယ်၊ ပထမဆုံးချီးမြှင့်ထားတဲ့ဟာတွေကတော့ တပ်ရင်း ကိုယ် ပိုင် တပ်ရင်း‌ ငွေနဲ့ချီးမြှင့်ထားတယ်၊” အာဏာရှင် တော်လှန်ရေးပြည်သူ့တပ်မတော် – ADPRA တပ် ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ထို့အပြင် အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနထံသို့ တင်ပြပေးထားသည့် အပြင် CDM အဖွဲ့အစည်းများဖြစ်သည့် ပြည်သူ့ရင်ခွင်၊ ပြည်သူ့ပန်းတိုင် အစရှိသည့် အဖွဲ့အစည်းများနှင့် လည်းချိတ်ဆက်ပေးထားပြီး ၎င်းတို့ကလည်း ထပ်ဆင့် ဆုချီးမြှင့်မှုရှိမည်ဖြစ်ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *