ကျေးလပ်ရောမြို့ပြရောနင်တို့အတွက်စစ်မြေပြင်ပဲ(ရုပ်သံ)

မုံရွာမြို့ အမတ ၅၀၈ အမြောက်တပ်ရင်းမှ စျေးထွက်ဝယ်သည့် စစ်သားဟောင်း ၁ ဦးနှင့် စစ်သမီး ၂ ဦးကို တော်လှန်ရေး ရဲဘော်များက ဖမ်းဆီး

■ စစ်သားဟောင်း ၁ ဦးက ခုခံ ထွက်ပြေးသောကြောင့် ပစ်ခတ် ဖမ်းဆီးရာမှ သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၉

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အခြေစိုက် အမတ ၅၀၈ အမြောက်တပ်ရင်းမှ စျေးထွက်ဝယ်သည့် စစ်သားဟောင်း ၁ ဦးနှင့် စစ်သမီး ၂ ဦးကို တော်လှန်ရေး ရဲဘော်များက ဖမ်းဆီးခဲ့ပြီး စစ်သားဟောင်း ၁ ဦးက ခုခံ ထွက်ပြေးသောကြောင့် ပစ်ခတ် ဖမ်းဆီးရာမှ သေဆုံးခဲ့ကြောင်း Black Falcon Guerrilla Force မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၉ ရက်နေ့တွင် မုံရွာမြို့ အမတ ၅၀၈ အမြောက်တပ်ရင်းမှ တပ်ကြပ်ကြီး (ငြိမ်း) တင်ဝင်းနှင့် စစ်သမီး ၂ ဦး လိုက်ပါလာသော ခွေးဘီလူးကား ရိက္ခာသယ် ယာဥ်ကို Black Falcon Guerrilla Force အဖွဲ့မှ ရဲဘော်များက တားဆီးဖမ်းဆီးချိန် တပ်ကြပ်ကြီး တင်ဝင်း က ရဲဘော်များကို ပြန်လည် ခုခံထွက်ပြေးသောကြောင့် ပစ်ခတ် ဖမ်းဆီးစဥ် သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးမှုကို အမြောက်တပ်ရင်းနှင့် မီတာ ၁၀၀၀ ကျော် အနီးတွင် ပြုလုပ်ခဲ့ပြီး ပုံမုန် ရိက္ခာထွက်ဝယ်ခြင်းကို တပ်ကြပ်အဆင့် ၁ ဦးနှင့် တပ်သား ၂ ဦး လိုက်ပါလေ့ရှိသော်လည်း တော်လှန်ရေး ရဲဘော်များ ဖမ်းဆီးချိန်တွင် တပ်ကြပ် (ငြိမ်း) ၁ ဦးနှင့် စစ်သမီး ၂ ဦးသာ လိုက်ပါလာကြောင်း၊ ဖမ်းဆီးရမိသည့် စစ်သမီး ၂ ဦးကို မုံရွာမြို့နယ် ပ.က.ဖ မှတစ်ဆင့် သက်ဆိုင်ရာ တရားစီရင်ရေးကို လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရှိရသည်။

” စစ်သား ၂ ဦးကိုတော့ အရှင် ဖမ်းဆီးရမိတယ်။ ၁ ဦးက ကျောက်စစ်ပုံ အမြောက်တပ်ရဲ့ အမျိုးသမီး တပ်ဖွဲ့ ခေါင်းဆောင် တစ်ဦးကတော့ အရန် တပ်ဖွဲ့ဝင် ပေါ့။ ကျွန်တော်တို့ စစ်ဆင်ရေး လုပ်ဆောင်တဲ့ အချိန်မှာ သူတို့က အရပ်သားယောင်ဆောင်ပြီး ထွက်လာတဲ့ အချိန်ပေါ့ ကျွန်တော်တို့ ပုံမှန် စျေးထွက်ဝယ်တာကတော့ တပ်ကြပ် ၁ ဦးနဲ့ တပ်သား ၂ ဦး စျေးဝယ်ထွက်တာပေါ့။ သေနတ် အရှည် ၂ ချောင်းနဲ့ စျေးဝယ်ထွက်တာ ကျွန်တော်တို့က အဲကောင်တွေပဲထင်ပြီးတော့ စစ်ဆင်ရေး လုပ်တဲ့ အချိန်မှာ လွဲသွားတာပေါ့။ ထွက်လာတာကလည်း တပ်ကြပ်နဲ့ စစ်သမီး ၂ ဦးဖြစ်နေတာ အရပ်သား အသွင်နဲ့ လာတာဆိုတော့ လက်နက်တွေကတော့ မရလိုက်ဘူး။ စစ်တပ်နဲ့ သက်ဆိုင်တဲ့ ပစ္စည်းတွေပဲ ရလိုက်တာပေါ့” ဟု Black Falcon Guerrilla Force မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ စစ်ဆင်ရေးကို Democratic local coalition တပ်ပေါင်းစုနှင့် Black Falcon Guerrillas Forces တို့က ပြုလုပ်ခဲ့ပြီး ရိက္ခာသယ်ကားနှင့် လက်ကိုင်ဖုန်း ၃ လုံး အပြင် အကြမ်းဖက် စစ်တပ်နှင့် ဆက်စပ် ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *