တာဝေးပစ် ငှက်ပျောဖူး ထုတ်လုပ်နိုင်ဖို့ ဗိုလ်အယ်စေးဝါး ကကိုယ်တိုင် အနီးကပ် ကြည့်ရှု့ (ရုပ်/သံ)

တာဝေးပစ် လက်နက်ကြီး ထုတ်လုပ်နိုင်ဖို့ ဗိုလ်အယ်စေးဝါး ကကိုယ်တိုင် အနီးကပ် ကြည့်ရှု့ (ရုပ်/သံ)

ကရင်၊ဒီဇင်ဘာ(၉)

ကရင်ပြည်နယ်အတွင်းက နေရာတစ်ခုမှာ တာဝေးပစ် လက်နက်ကြီး ထုတ်လုပ်နိုင်ဖို့ ဗိုလ်အယ်စေးဝါး ကကိုယ်တိုင် အနီးကပ် ကြည့်ရှု့ နေတဲ့ရုပ်သံဖြစ်ပါတယ်။

ရုပ်သံထဲမှာ Lion Battalion Commando Special Forces ဗျူဟာစစ်ကြောင်း ဗျူဟာမှူး ဗိုလ်အယ်ဆေးဝါး ကအသုံးပြုသင့်တဲ့ ယမ်းအမျိုးအစား၊ လက်နက်ပုံစံပုံစံကို အကြံပြုပြောဆိုခဲ့ပါတယ်။

မွန်ပြည်နယ် ကျိုက်မရော၊ မုဒုံမြို့ကို ဆက်သွယ်ထားတဲ့ ချောင်းနှစ်ခွတံတားကိုသိမ်းပိုက်ရရှိထားတဲ့အတွက် စစ်ကောင်စီက တံတားပြန်လည်ရရှိဖို့ နေ့စဉ် မြေပြင်ကနေ ထိုးစစ်ဆင်နေသလို လေကြောင်းကပါ တိုက်ခိုက်နေပါတယ်။

အဲ့ဒီလိုစစ်ကောင်စီ စစ်ကြောင်းကထိုးစစ်ဆင်နေတာကြောင့် ရှေ့တန်းစစ်မြေပြင်မှာပါ တပ်ဖွဲ့ဝင်တွေကို ဗျူဟာမှူး ဗိုလ်အယ်ဆေးဝါး ကအနီးကပ်ကြီးကြပ်ပြီး တိုက်ပွဲဝင်နေတာ ဖြစ်ပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *