ကြိတ်ထား တစ်ကောင်မှအလွတ်မပေးနဲ့

စစ်အင်အား ၄၁ ဦးရှိ နမ့်ဆန်မြို့မ ရဲစခန်းကို TNLA က ဒရုန်းဖြင့် ဗုံးကျဲပြီး မြေပြင်တွင် ပိတ်ဆို့ တိုက်ခိုက်လာ၍ စစ်ကောင်စီတပ်များ ထွက်ပြေးရ

ဒီဇင်ဘာ ၁၂ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်တွင် စစ်အင်အား ၄၁ ဦးရှိ နမ့်ဆန်မြို့မရဲစခန်းကို TNLA က ဒရုန်းဖြင့် ဗုံးကျဲပြီး မြေပြင်တွင်လည်း တိုက်ခိုက်လာ၍ စစ်ကောင်စီတပ်များ ထွက်ပြေးရကြောင်း စစ်ကောင်စီတပ်၏ ကြေးနန်းအစီရင်ခံစာ အရ သိရှိရသည်။

ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၄ နာရီအချိန် TNLA က နမ့်မြို့မ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ၊ အဆိုပါ ရဲစခန်းတွင် ဒုရဲမှူးကြီး ထွန်းစိုးသိန်း ဦးဆောင်သော စစ်အင်အား ၄၁ ဦး ရှိကြောင်း၊ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲပြီး မြေပြင်တွင်လည်း TNLA က ညာသံပေး အင်အားသုံး တိုက်ခိုက် လာသောကြောင့် နံနက် ၆ နာရီ ၁၅ မိနစ်အချိန်တွင် ၂ ဖွဲ့၍ ဆုတ်ခွာ ထွက်ပြေးရကြောင်း စစ်ကောင်စီ၏ ကြေးနန်းအစီရင်ခံစာက ဆိုသည်။

ထို့သို့ ရဲစခန်းကို စွန့်ခွာ ထွက်ပြေးပြီး ယမန်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန် ဒုရဲမှူးကြီး ထွန်းစိုးသိန်း ဦးစီးသော အင်အား ၂၁ ဦး ပါ စစ်ကြောင်းသည် စခန်း၏ အရှေ့တောင်ဘက် ကိုက် ၁၀၀ ခန့် အကွာ လျှိုအတွင် တိမ်းရှောင်နေသည်ကို အဆက်အသွယ်ရရှိကြောင်း၊ ထို့ကြောင့် အဆိုပါ တိမ်းရှောင်နေသော အဖွဲ့သည် ရှေ့တန်း ခလရ ၂၅၄ မှ ဗိုလ်ကြီး ကျော်သူထွေး ဦးစီးသော အင်အား ၁၁ ဦးရှိ ကွန်မန်ဒိုကုန်းသို့ သွားရောက်ပူးပေါင်းခဲ့ကြ ကြောင်း သိရှိရသည်။

ယင်းနောက် နမ့်ဆန်မြို့နယ်ရဲစခန်းမှ စွန့်ခွာသွားသော ဒုတိယစစ်ကြောင်းဖြစ်သည့် ရဲမှူး နေဝင်းထွန်းဦးစီးသော အင်အား ၂၀ ပါ စစ်ကြောင်းနှင့် ဆက်သွယ်မှု ရရှိနိုင်ရေး ဆောင်ရွက်နေသည်ဟု အကြမ်းဖက်စစ်ကောင်စီ၏ ကြေးနန်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

TNLA ၏ ထုတ်ပြန်ချက်တွင်မူ ဒီဇင်ဘာ ၁၁ ရက်နေ့ နံနက် ၅ နာရီ ၀၃ မိနစ် အချိန် နမ့်ဆန်မြိုနယ် စစ်ကောင်စီ ရဲစခန်းကို တအာင်းတပ်မတော် PSLF/TNLA မှ ဝင်ရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ၎င်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ ပစ္စတို ၃ လက်၊ လက်နက် ၁၄ လက်၊ ခဲယမ်းများစွာနှင့် စစ်သုံးပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ယနေ့ ဒီဇင်ဘာ ၁၂ရက်နေ့ နမ့်ဆန်မြိုနယ်ဘက်သို့ စစ်ကောင်စီ မန်တုံ ၁၃၀ တပ်စခန်းက လက်နက်ကြီးဖြင့် ၅ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စ်ကောင်စီတပ်မှ နမ့်ဆန်မြိုနယ်အတွင်း Y12 လေယာဥ်ဖြင့် ဗုံး(၂)ကြိမ် လာရောက်ပစ်ချခဲ့‌ကြောင်း သိရှိရသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *