ခုနစ်ရက်သားသမီးများအတွက် 10.12.2023 မှ 16.12.2023ထိ တစ်ပတ်စာကံကြမ္မာဟောကိန်း

မှ 16.12.2023ထိ တစ်ပတ်စာကံကြမ္မာဟောကိန်း

Crd ဆရာမရွှေရုပ်လွှာအကြားအမြင်ဗေဒင် ၏ ဟောစာတမ်းအား ပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်။

တနင်္ဂနွေသားသမီး
အဆိုးအညံ့မှန်သမျှ တစစလျော့ပါးသွား၍ တိုးတက်ခြင်းများဖြစ်ပေါ်မည်။ အနှောင့်အယှက်ပေးသူများကို ရင်ဆိုင်ပယ်ရှားနိုင်မည်။ ယခင်စီစဥ်ထားပြီး မသွားဖြစ်သောခရီးသွားရမည်။ စနစ်တကျဆောင်ရွက်ထားသောကိစ္စများကို တစ်ပါးသူတို့က ပေါ့ပေါ့တန်တန်လက်ခံဆောင်ရွက်ခြင်းကြောင့် နစ်နာဆုံးရှုံးမှုများကြုံမည်။ မိသားစုတွင် ခြံ ၊ ကား ၊ အခန်းကိစ္စပြောဆိုမှုများအောင်မြင်မည်။ လုပ်ငန်းခွင်တွင် ငွေကြေး ပစ္စည်းစာရင်းဇယားမကိုက်ညီမှုများနှင့် ကြုံတွေ့ရလိမ့်မည်။ ပစ္စည်းသိုလှောင်ခြင်း၊ စျေးကစားခြင်းမပြုသင့်။ မေတ္တာရေးနှင့်ပတ်သက်သောကံကောင်းမည်။
ယတြာ – ဗုဒ္ဓဟူးနေ့တွင် သရက်သီး ဘုရားလှူပါ။

တနင်္လာသားသမီး
ဘဝကံအခြေအနေအပြောင်းအလဲနှင့် အဆင့်မြင့်တက်လမ်းများပေါ်ထွန်းမည်။ ယခင်စီစဥ်ထားသည့်လမ်းကြောင်းနှင့်မတူခြားနားသော အနေအထားဖြင့် တိုးတက်မှုသစ်တို့ကို ဖန်တီးနိုင်မည်။ နေအိမ်နေရာ၊ အလုပ်နေရာတိုးချဲ့ခြင်း၊ ပြင်ဆင်ခြင်း၊ ပြောင်းလဲခြင်းများ စီစဥ်ဆောင်ရွက်ရန် အခါသင့်သည်။ ကာလရှည်ကြာစောင့်ဆိုင်းနေသော အခွင့်ကောင်းများရရှိမည်။ အတတ်ပညာကိုအသုံးချ၍ အဆင့်မြင့်တက်လမ်းဖန်တီးနိုင်မည်။ အချိန်ဆွဲခြင်းမပြုရ။ လျင်မြန်သွက်လက်စွာဆောင်ရွက်လေ ကောင်းသောအကျိုးဆက်ရရှိလေဖြစ်သည်။ တစ်ပါးသူဆောင်ရွက်ထားသောကိစ္စများကို ကူညီဆောင်ရွက်ပေးရမည်။ ယတြာ – သောကြာနေ့တွင် ရှောက်သီးသုပ်လှူဒါန်းပါ။ ကိုယ်တိုင်လည်းစားသုံးပါ။

အင်္ဂါသားသမီး
သေသေချာချာလုပ်မည်ဟု ကတိပေးထားသောသူများ၊ အနီးကပ်မှပျက်လိမ့်မည်။ ဤသို့ကတိပျက်ခြင်းသည်ပင်လျှင် မိမိအတွက်ကောင်းသော အခြေအနေတစ်ရပ်ပေါ်ပေါက်မည်။ အရောင်းအဝယ်ကိစ္စများတွင် စရန်ပေးပြီး အရောင်းအဝယ်သေချာပေါက်ဆိုင်သောကိစ္စများ ကတိပျက်လိမ့်မည်။ အချိန်လု၍ ခရီးသွားရာမှ ကားပျက်၊ ဘီးပေါက်တစ်ခုခုဖြစ်မည်။ ချိန်းဆိုချက်နောက်ကျမည်။ ဤသို့ဖြစ်ခြင်းသည်ပင် မိမိအတွက် ပိုမိုကောင်းမွန်သော အကျိုးတစ်စုံတစ်ရာရရှိမည်။ လူမျိုးကွဲအမျိုးသမီးတစ်ဦးထံမှ အကူအညီရရှိမည်။ မိမိရောက်ရှိဖူးသောနေရာဒေသမှ မင်္ဂလာကိစ္စများဖိတ်ကြားခံရမည်။ ယတြာ – အင်္ဂါနေ့တွင် နှင်းဆီပန်းဘုရားကပ်လှူပါ။

ဗုဒ္ဓဟူးသားသမီး
စီစဥ်ထားခြင်းမရှိဘဲ ဖြစ်ပေါ်လာသည့်အခြေအနေ၊ အနေအထားအပေါ်အသုံးချ၍ အလုပ်ကိစ္စများဆောင်ရွက်ရမည်။ ထင်ရာစိုင်း၍ စိတ်ပျံ့လွင့်ကာ ပတ်ဝန်းကျင်အား အရွဲ့တိုက်၍ စိတ္တဇဆန်ဆန်ပြောဆိုလုပ်ကိုင်လိမ့်မည်။ အရပ်ဝေးနှင့်ဆက်သွယ်၍ လုပ်ကိုင်သောကိစ္စများ အကျိုးပေးမည်။ လူမျိုးကွဲ၊ မိတ်ဆွေဟောင်းများနှင့်ဆက်စပ်၍ အလုပ်ကိစ္စများဆောင်ရွက်၍ အကျိုးပေးမည်။ ပစ္စည်းအပျောက်အရှများမည်။ စကားရှုပ်သူများကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရမည်။ မိဘအကြီးအကဲ ကျန်းမာရေးအညံ့ရှိမည်။ သူတစ်ပါးကိစ္စကြားဝင်အာမခံခြင်းမပြုရ။ စေတနာ ဝေဒနာဖြစ်မည်။
ယတြာ – သပြေ ၃ ညွှန့် ဘုရားတင်လှူ၍ လိုရာဆုတောင်းပါ။

ကြာသပတေးသားသမီး
ရည်မှန်းချက်များအောင်မြင်မည်။ အခက်အခဲများကို ကျော်လွှားနိုင်မည်။ အလုပ်တိုးတက်မည်။ ဝင်ငွေတိုးပွားမည်။ နီးစပ်မှုကို အခြေတည်သော မေတ္တာရေးကိစ္စပေါ်ထွန်းမည်။ ရုတ်ခြည်းပေါ်ပေါက်လာသောအခွင့်အရေးတို့ကို အသုံးချ၍ ဘဝအဆင့်တိုးတက်မှုများ ဖန်တီးနိုင်မည်။ နေအိမ်နေရာ၊ အလုပ်နေရာတို့တွင် ပျက်စီးနေသောရေပိုက်ခေါင်းများ ပြင်ဆင်ခြင်း၊ ကျွမ်းနေသော မီးချောင်း၊ မီးလုံးများပြင်ဆင်ပြီး ရက်ပိုင်းအတွင်း ထူးခြားသောကံကောင်းခြင်းများရရှိမည်။ အလုပ်စီးပွားတိုးတက်မည်။
ယတြာ – တနင်္လာနေ့တွင် ဇီးကွက်မောင်နှံရုပ်တစ်စုံချိတ်ဆွဲ၍ အနီးအပါးတွင်ထားရှိပါ။

သောကြာသားသမီး
ဆောင်ရွက်သမျှ လူသိထင်ရှားဖြစ်မည်။ ငွေကြေးအကုန်အကျများ လင့်ကစား အကျိုးရှိသောကုန်ကျမှုသာဖြစ်မည်။ အများကိစ္စ၊ အဖွဲ့အစည်းကိစ္စများတွင် ပါဝင်ပတ်သက်ရမည်။ လူမျိုးကွဲ၊ လူမျိုးခြားများနှင့်ဆက်ဆံ၍ အကျိုးစီးပွားဖြစ်ထွန်းမည်။ မိသားစုစီးပွားကောင်းမည်။ အလုပ်အဆင့်တိုးတက်မည်။ အခက်အခဲအားလုံးကို ကျော်လွှားနိုင်မည်။ ချက်ချင်းဆုံးဖြတ်ပြီး ပြတ်သားစွာလုပ်သောကိစ္စမှန်သမျှမှ အဆင့်မြင့်အောင်မြင်မှုများပေါ်ထွန်းမည်။ ကာလအတန်ကြာကြိုးပမ်းထားသည်တို့မှ ကောင်းသောအကျိုးဆက်များဖြစ်ထွန်းမည်။ ယတြာ – အိမ်ဘုရားတွင် ခေါက်ဆွဲကြော်ကပ်လှူပါ

စနေသားသမီး
အကြံအစည်အောင်မြင်မည်။ လုပ်ငန်းတိုးတက်မည်။ မိတ်ဆွေကောင်း အထောက်အကူရမည်။ ခက်ခဲသောပြဿနာများ ဖြေရှင်းအဆင်ပြေမည်။ ကြန့်ကြာနေသောရပိုင်ခွင့်များ လက်ဝယ်ပြန်လည်ရရှိမည်။ သူတစ်ပါး၏ အခက်အခဲကို ကူညီပေးရတတ်သည်။ မိသားစုရေးရာကိစ္စအဖြာဖြာကို မိမိဦးဆောင်ပြီးလုပ်ရမည်။ ယှဥ်ပြိုင်ပြီးလုပ်သောကိစ္စများ အောင်မြင်မည်။ ပေါ်ပေါက်လာသောအခွင့်အရေးသစ်များကို လက်ခံသင့်သည်။ ခရီးကိစ္စအဆင်ပြေမည်။ ပြည်ပအတတ်ပညာများ ဆောင်ရွက်အောင်မြင်မည်။ တနင်္လာနံ ဗုဒ္ဓဟူးနံလုပ်ငန်းများ အကျိုးဖြစ်ထွန်းမည်။
ယတြာ – ဗုဒ္ဓဟူးနေ့တွင် လမုန့်ဘုရားကပ်လှူပါ။

See less

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *