Breaking News ခြင်းကျားလေးဘေးဆန့်ဆန့်လေးအိပ်နေကြတာလား

Breaking News- နမ့်ဆန်မြို့မရဲစခန်းမှ ထွက်ပြေးသွားသော ဒုရဲမှူးကြီး ထွန်းစိုးသိန်း ဦးဆောင်သော အင်အား ၂၀ ပါ စစ်ကြောင်းနှင့် ကွန်မန်ဒိုကုန်းမှ ဗိုလ် မှူး / ဗိုလ်ကြီး ကျော်သူထွေး ဦးစီးသော အင်အား ၂၀ ဦး နီးပါးပါ စစ်ကြောင်းမှ အားလုံး စုစုပေါင်း ၄၀ ဦးဝန်းကျင် တိုက်ပွဲတွင် သေဆုံး

■ ရဟတ်ယာဉ်ဖြင့် စစ်ကူ ချထားပေးသည့် စစ်တပ်စစ်ကြောင်းမှလည်း ၂၅ ဦးသေဆုံးပြီး ဖရိုဖရဲဖြစ်

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ နမ့်ဆန်မြို့မရဲစခန်းကို TNLA က သိမ်းပိုက်စဉ် ထွက်ပြေးသွားသော ဒုတိယရဲမှူးကြီး ထွန်းစိုးသိန်း ဦးစီးသော အင်အား ၂၀ ပါ စစ်ကြောင်းနှင့် ကွန်မန်ဒိုကုန်းမှ ဗိုလ်မှူး/ဗိုလ်ကြီး ကျော်သူထွေး ဦးစီးသော အင်အား ၂၀ ဦးနီးပါးပါ စစ်ကြောင်းမှ စစ်သားနှင့်ရဲများအားလုံး စုစုပေါင်း ၄၀ ဝန်းကျင် ယမန်နေ့ တိုက်ပွဲတွင် သေဆုံးသွားကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၄ နာရီအချိန် TNLA က နမ့်မြို့မ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်စဉ် ဒုရဲမှူးကြီး ထွန်းစိုးသိန်း ဦးဆောင်သော စစ်ဒုရဲမှူးကြီး ထွန်းစိုးသိန်း ဦးစီးသော အင်အား ၂၁ ဦး ပါ စစ်ကြောင်းသည် ခလရ ၂၅၄ မှ ဗိုလ်ကြီး ကျော်သူထွေး ဦးစီးသော စစ်ကြောင်းနှင့် ကွန်မန်ဒိုကုန်းတွင် သွားရောက်ပူးပေါင်းခဲ့ကြ ကြောင်း၊ အဆိုပါ ပူးပေါင်းစစ်ကြောင်းကို ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် TNLA က တိုက်ခိုက်ရာမှ အားလုံး သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ယမန်နေ့ စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် လာရောက်ချထားပေးသော စစ်ကူ အင်အား ၇၀ အနက်မှ ၂၅ ဦးမှာလည်း TNLA နှင့်တိုက်ပွဲအတွင်း သေဆုံးပြီး ဖရိုဖရဲ ဖြစ်ကာ ထွက်ပြေးသွားကြောင်း သိရှိရသည်။

(ဓာတ်ပုံအကြည်များကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *