ဖွတ် သိန်းလွင်နေအိမ် အုန်းခံရ

မြိတ်မြို့ ကော့လိပ်ရပ်ကွက်တွင် ကြံ့ဖွံ့ပါတီမှ ယခင် တိုင်းဝန်ကြီးဟောင်း၊ ပျူစောထီးခေါင်းဆောင် သိန်းလွင် နေအိမ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရမှုများရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ်စု၊ ကော့လိပ်ရပ်ကွက်တွင် ရှိသော ကြံ့ဖွတ်ပါတီမှ ယခင် တနင်္သာရီတိုင်းအစိုးရ၊ ဝန်ကြီးဟောင်း ပျူစောထီးခေါင်းဆောင် သိန်းလွင်၏ နေအိမ်တွင် ဗုံးပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများရှိကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၁၂ ရက်နေ့ ညပိုင်း မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု၊ ကော့လိပ်ရပ်ကွက် မြရိပ်ညို ၁၁ လမ်းတွင် ရှိသည့် ကြံ့ဖွံ့ပါတီမှ ယခင် စီမံ ဘဏ္ဍာဝန်ကြီးဟောင်း သိန်းလွင် နေအိမ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီ တပ်ဖွဲ့က ရောက်ရှိလာပြီးနောက် နေရာ အချို့ကို သေနတ်အတွဲလိုက် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ရပ်ကွက် တစ်ခုလုံးကိုပါ မီးဖြတ်တောက်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဗုံးဖောက်ခွဲ ခံရသည့် ကြံ့ဖွံ့ပါတီဝင် တစ်ဦးလည်းဖြစ်၊ မောင်းလှော်ကျေးရွာ၏ ပျူစောထီး ခေါင်းဆောင် တစ်ဦးလည်း ဖြစ်သည့် ဝန်ကြီးဟောင်း သိန်းလွင်၏ နေအိမ်သို့ အရေးပေါ်လူနာတင်ကားများ ရောက်ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိကြောင်း သိရှိရသည်။

(ဒေသသတင်းရင်းမြစ် Myeik Nowက သတင်းပေးပို့ပါသည်။)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *