ရန်ကုန်−မန္တလေးလမ်းမပေါ်ကနိုင်ပွဲတွေနဲ့သူတိုပြုံးတွေ

ရန်ကုန်−မန္တလေးလမ်းမပေါ်ရှိ ညောင်ပင်သာနယ်မြေရဲစခန်းကို BPLA ၊ KNLA နဲ့ PDF ပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်ခဲ့ကြောင်း BPLA တရားဝင်ထုတ်ပြန်

ဒီဇင်ဘာ ၁၃

ပဲခူးတိုင်း၊ ဖြူးမြို့၊ ရန်ကုန်−မန္တလေးလမ်းမပေါ်ရှိ ညောင်ပင်သာနယ်မြေရဲစခန်း BPLA ၊ KNLA နဲ့ PDF ပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ရဲ့ ကွပ်ကဲရေးရုံးက တရားဝင်ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၁၃ရက် ဒီနေ့ မနက်(၅)နာရီခန့်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)တို့ ပါဝင်တဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ပဲခူးတိုင်း၊ ဖြူးမြို့၊ ရန်ကုန်−မန္တလေးလမ်းမပေါ်ရှိ ညောင်ပင်သာနယ်မြေရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀) ဦးခန့် သေဆုံးခဲ့ပြီး BPLA က ရဲဘော်(၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအပြီး သိမ်းဆည်းရမိတဲ့ လက်နက်ပစ္စည်းများမှာ RPG ထိပ်ဖူး၂၁ လုံး၊ RPG ပို့ယမ်း ၁၇ ခု၊ ၉မမကျည် ၈၀ တောင့်၊ ၆၀မမဗုံးသီး ၂၇ ခု၊ G2 ၁လက်၊ G3 ၂လက်၊ ပြောင်းချော ၄လက်၊ BA 94 ၂လက်၊ MA-13 ၁လက်၊ Tear Gas Gun ၂ခု၊ လက်ပစ်ဗုံး ၆ လုံး၊ G3 ကျည် ၂၃၁ တောင့်၊ 5.56 ကျည် ၁၄၃ တောင့်၊ လက်ထိပ် ၄ ခု၊ လက်တော့ ၁လုံး၊ မျက်ရည်ယိုဗုံး ၄၆ လုံး၊ အသံဗုံး ၁လုံး ၊ ကျည်ကာ ၂စုံ၊ ဦးထုပ် ၅လုံး၊ G3 ကျည်ဘောက် ၆ခုနဲ့ ၉လုံးကျည် ၂၀၁ တောင့်တို့ဖြစ်တယ်လို့ BPLA က ဆိုပါတယ်။

BPLA ဟာ စစ်အာဏာရှင် အမြစ်ဖြတ်နိုင်ရေးအတွက် တောင်ပိုင်း အမှတ်(၁၀၇)စစ်ဒေသနဲ့ မြောက်ပိုင်း အမှတ်(၂၀၃)စစ်ဒေသတို့မှာ မဟာမိတ်များနဲ့အတူ ညီညွတ်စွာ ပူးပေါင်းတိုက်ခိုက်နေတယ်လို့ BPLA က အသိပေးထုတ်ပြန်ထားပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *