ပွဲမပြီးသေးဘူး အကြိတ်အနယ်ဆော်နေပီဟေ့

မူဆယ်မြို့ ၁၀၅ မိုင်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က တိုက်လေ ယာဉ်၊ ရဟတ်ယာဉ်၊ အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်နေ

ဒီဇင်ဘာလ ၁၅

ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊ အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်နေကြောင်း တအာင်း TNLA ပြန်ကြားရေးတာဝန်ခံက ပြောကြားသည်။

ယမန်နေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၃ နာရီ မိနစ် ၃၀ အချိန်မှစ၍ မူဆယ်မြို့နယ်ရှိ စစ်ကောင်စီ ၏ ၁၀၅ မိုင် ဗျူဟာကုန်းစခန်းကို ညီနောင် ၃ ဖွဲ့ (MNDAA/AA/TNLA) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ ယနေ့အချိန်အထိတိုက်ပွဲပြင်းထန်နေကြောင်း၊

အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ် ၊ Mi35 ရဟက်ယာဥ်တို့ဖြင့် ပစ် ကူပေးတိုက်ခိုက်နေကြောင်း၊ ထို့အပြင် မူဆယ်မြို့ထဲရှိ စစ်တပ်စခန်းကလည်း အတွဲလိုက် ဒုံးကျည်များဖြင့် ပစ် ခတ်တိုက်ခိုက်နေကြောင်း သိရသည်။

“စခန်းသိမ်းပိုက်မှုအပေါ် ကျနော်တို့ အတည်ပြုလို့ မရသေးပါဘူး၊ မနေ့က တော့ တိုက်နေတုန်းပေါ့နော်၊ စခန်းသိမ်းတယ်ဆိုတာတော့ အတည်ပြုလို့မရသေး ပါဘူး၊ လက်ရှိအချိန်အထိ တိုက်ပွဲပြင်းထန်နေတုန်းပါပဲ”ဟု PSLA သ တင်းနှင့်ပြန်ကြားရေးတာဝန်ခံကပြောကြားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *