၂ရက်ဆက်တိုက်ဆော်ခံရတဲ့ စခစခန်း(ရုပ်သံ)

ငါန်းဇွန်မြို့နယ် အောင်ချမ်းသာရွာရှိ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်၊ နွားထိုးကြီးမြို့နယ်ရှိ Mytel တာဝါတိုင် ၁ ခုကို ဖောက်ခွဲရှင်းလင်း (ရုပ်/သံ)

ဒီဇင်ဘာ ၁၇ ရက်

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ အောင်ချမ်းသာရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်သားတွေ ကို ၂ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ပြီး နွားထိုးကြီးမြို့နယ်ရှိ Mytel တာဝါတိုင် ၁ ခုကို ဖောက်ခွဲရှင်းလင်းခဲ့တယ်လို့ Natogyi People Defence Force မှ သတင်းရရှိပါတယ်။

ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေ ၃ နာရီခန့်က ငါန်းဇွန်မြို့နယ်၊ အောင်ချမ်းသာကျေးရွာမှာ တပ်စွဲထားတဲ့ အင်အား ၂၅ ဦးပါ အကြမ်းဖက်စစ်သားတွေကို Natogyi People Defence Force မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းက ‌Drone နဲ့ ဗုံးသီး ကြဲချကျဲချခဲ့ပြီး ဒီဇင်ဘာလ ၁၅ ရက်နေ့ ညနေ ၄ နာရီခန့်မှာလည်း ထပ်မံပြီး ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။

ဒါ့အပြင် နွားထိုးကြီးမြို့နယ်၊ ကျီးကန်-မှတ်ခရာ ကျေးရွာ အကြားရှိ အကြမ်းဖက် စစ်အုပ်စုပိုင် MYTEL တာဝါတိုင်ကို ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက် ၁၁ နာရီခန့်က Natogyi People Defence Force မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းက ဖောက်ခွဲ ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *