ရန်ကုန်မှာ Alpha Operation စတင်၊ ဖောက်ခွဲရေးပစ္စည်းတွေကို မကိုင်ဖို့ ပြည်သူတွေကို သတိပေး
မဲခေါင်၊ ဒီဇင်ဘ ၁၈
နည်းပညာသုံးမိုင်းတွေတပ်ဆင်ထားတဲ့ ဘလူးတုစပီကာတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးတွေကို တိုက်ခိုက်ခဲ့ပြီးနောက် ရန်ကုန်မှာ Alpha Operatoin စတင်ပြီလို့ မနေ့ ဒီဇင်ဘာ ၁၇ရက်က ထုတ်ပြန်ကြေညာပါတယ်။
Alpha Operation ကို စမ်းသပ်ခဲ့ရာမှာ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ အဆွယ်အပွားတွေ၊ ပျူစောထီးတွေကို နည်းပညာသုံးမိုင်းတွေတပ်ဆင်ထားတဲ့ ဘလူးတုစပီကာတွေနဲ့ တိုက်ခိုက်ခဲ့ပြီး ရာနှုန်းပြည့်အောင်မြင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နည်းပညာသုံးမိုင်းတွေ တပ်ဆင်ထားတဲ့ ဘလူးတုစပီကာတွေဟာ ကမ်ပိန်းကိုရှင်းပြတဲ့ အသံဖိုင်ကို အဆင်မပြတ်ထုတ်လွှင့်နေပြီး စပီကာကို လာပိတ်တာ၊ ဖယ်ရှားတာပြုလုပ်ရာမှာ မိုင်းအဖြစ် ပြောင်းလဲပေါက်ကွဲသွားမှာ ဖြစ်တယ်လို့ Alpha Operation က ဆိုပါတယ်။
ဒီလိုတိုက်ခိုက်ရာမှာ ပြည်သူ ၂ဦးက စပီကာကို ကောက်ယူခဲ့တဲ့အတွက် ပြင်းထန်ဒဏ်ရာရခဲ့တာလည်းရှိခဲ့တယ်လို့ Alpha Opreatoin က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“Operation က ရာနှုန်းပြည့်အောင်မြင်ခဲ့ပေမယ့် အမှတ် ၂လမ်းမှာ Pro One နဲ့ စကစ တပ်ရင်း ၃ရှေ့မှာ ပြည်သူတွေက သွားကောက်လို့ ထိခိုက်မှုဖြစ်ခဲ့တယ်။ စစ်တပ်က လူသားတံတိုင်းလိုလုပ်ပြီး ပြည်သူတွေကို ကောက်ခိုင်းတာ။ ပြည်သူတွအနေနဲ့ ဒါကို သတိထားဖို့လိုပါတယ်” လို့ သူက ပြောပါတယ်။
Alpha Operation ဟာ ရန်ကုန်တိုင်းအတွင်းပြန်လည်ဝင်ရောက်လာတဲ့ အထူးတပ်ဖွဲ့ဝင်တွေနဲ့ ရန်ကုန်မြေအောက်တော်လှန်ရေးတပ်ဖွဲ့တွေ စုပေါင်းထားတာဖြစ်ပြီး စစ်ကောင်စီယန္တယားနဲ့ လက်ဝေခံအဆွယ်အပွားတွေ၊ စစ်ကောင်စီထောက်တိုင်တွေကို တိုက်ခိုက်သွားမယ့် စစ်ဆင်ရေးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။