စခန်းပစ်ပြေးတဲ့ခဝေးကြီးရောခဝေးလေးရောဖမ်းမိ

ဟားခါးနယ်၊ဘုံဇုံးတပ်စခန်းကိုချင်းပူးပေါင်းတပ်တွေသိမ်းပိုက်၊ဗိုလ်ကြီးတဦးအပါဝင်စခန်းစွန့်ခွာထွက်ပြေးနေတဲ့ စစ်သားတွေအားလုံးကိုဖမ်းဆီးထားဟုဆို

ဒီဇင်ဘာ ၁၈ ရက်

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းက အကြမ်းဖက်စစ်သား၃၀ကျော်နဲ့ တပ်စွဲထားတဲ့ ဘုံဇုံတပ်စခန်းကို ချင်းပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စခန့်စွန်းထွက်ပြေးသွားတဲ့ စစ်သားတွေကို ဖမ်းမိထားတယ်လို့ ချင်းတော်လှန်ရေးသတင်းရင်းမြစ် ပြောပါတယ်။

ယမန်နေ့ညပိုင်းကစပြီး ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာမှာ ယနေ့ မနက်၁၁နာရီဝန်းကျင်မှာ စခန်းကိုအပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာလို့သိရပြီး ဟားခါးနဲ့ဂန့်ဂေါလမ်းပိုင်းမှာစစ်အုပ်စုအထိုင်စခန်းတွေမရှိတော့ဘူးလို့သိရပါတယ်။

“မနေ့ညကစပြီးတိုက်တာပေါ့။ ဒီနေ့မနက်၁၁ဝန်းကျင်မှာ အပြီးသတ်သိမ်းလိုက်တာပါ။ လက်နက်တွေလည်းရထားပါတယ်။ ပူးပေါင်းတပ်ဘက်က ၂ယောက်အသက်ပေးလိုက်ရပါတယ်။ အရာရှိစစ်ဗိုလ်တယောက်ကို စမိပြီး ဆက်တိုက်ဆိုသလို ထွက်ပြေးစခတွေကို ဖမ်းဆီးထားနိုင်ခဲ့ပါပြီ”လို့ချင်းသတင်းရင်းမြစ် ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုဘက်က အထိနာနေခဲ့လို့ လေကြောင်းကနေ ၄ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့လို့ CDF ရဲဘော် နှစ် ဦးကျဆုံးကာ CNA ရဲဘော် လေး ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နယ်မြေရှင်းလင်းရေးတွေ ဆက်လက်လုပ်ကိုင်နေတယ်လို့ဆိုပါတယ်။

အဆိုပါတပ်စခန်းဟာ ဟားခါ-ဂန့်ဂေါ်လမ်းပိုင်းပေါ်က အဓိကအချက်အချာနေရာမှာ စခန်းထိုင်ထားတာဖြစ်ပြီး ချင်းပူးပေါင်းတပ်ဖွဲ့တွေရဲ့ သိမ်းပိုက်ခြင်းခံရတာဖြစ်ပြီး သိမ်းဆည်းရမိထားတဲ့ လက်နက်ခဲယမ်းတွေကို စာရင်းပြုလုပ်နေို့ ထပ်မံထုတ်ပြန်ပေးသွားမယ်လို့သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *