အရာတော်မြို့နယ် ကမ်းပြူရွာမှ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)
+++++++++++++++++++++
ဒီဇင်ဘာ ၁၈ ရက်
စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ကမ်းပြူရွာမှ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို အမရစစ်သည်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မန္တလေး)နှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားတွေရဲ့ ထိခိုက်မှုကို မြေပြင်အခြေအနေအရ အတိအ ကျမသိရသေးဘူးလို့ အမရစစ်သည်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ သိရပါတယ်။