စပါးပါခိုးရိတ်တဲ့ငပျူတွေဆော်ခံရ(ရုပ်/သံ)

ခင်ဉီးမြို့နယ် ပျဉ်ထောင်ကျေးရွာပျူစောထီးများ တိုက်ခိုက်ခံရပြီး ၂ ဉီးသေဆုံး (ရုပ်/သံ)

++++++++++++++++++++

ဒီဇင်ဘာ ၁၈ ရက်

စစ်ကိုင်းတိုင်း ခင်ဉီးမြို့နယ် ပျ‌ဉ်ထောင်ကျေးရွာမှ ပျူစောထီးများဟာ အနီးအနားကျေးရွာများရှိ စပါးခင်းများကို ခိုးယူရိတ်သိမ်းနေချိန် ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခံရပြီး ၂ ဉီးသေဆုံးသွား တယ်လို့ Khin U Specialforce Organization_KSOမှ သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၁၄ ရက်က ပျဉ်ထောင်ကျေးရွာမှ ပျူစောထီးများဟာ အနီးအနားကျေးရွာများရှိ စပါး ခင်းများကို ခိုးယူရိတ်သိမ်းနေတဲ့အတွက် ဒရုန်းနဲ့ ဗုံးသီး ၁၈ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ပျဉ်ထောင် ကျေးရွာကို ဝင်ပြေးသွားပြီး လိုက်လံတိုက်ခိုက်ခဲ့ရာ ၂ ဉီးသေဆုံးပြီး အများအပြားထိခိုက်ဒဏ် ရာရရှိသွားတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို KSOတပ်ဖွဲ့-KURDAF၊ ခင်ဦးမြို့နယ် ပကဖ ၊ Wolf Guerrilla Local PDF-YeU၊ ARF၊ မြို့နယ်တပ်ရင်း(ခရိုင်တပ်ရင်း-၃)၊ Khin U local Guerrilla force (KUGF) တို့မှ စုပေါင်းဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *