ရွှေဘိုမြို့နယ်မှာ ပြည်သူပိုင်လယ်ကို စပါးလာရိတ်တဲ့ မြင်းချင်းရွာမှာ ပြည်သူ့စစ်နဲ့ စစ်သားတွေ ကို တော်လှန်ရေးတပ်တွေက အသင့်စောင့်ကြိုတိုက်ခိုက် (ရုပ်/သံ)
+++++++++++++++++++
ဒီဇင်ဘာ ၂၁ ရက်
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် အနောက်ဘက် ပြည်သူပိုင်လယ်တွေကို စပါးလာရိတ်တဲ့ မြင်းချင်း ရွာမှာ ပြည်သူ့စစ်နဲ့ စစ်သားတွေကို ဒီဇင်ဘာ ၂၀ ရက်က တော်လှန်ရေးတပ်တွေ သတင်းအရ အသင့်စောင့်ကြို တိုက်ခိုက်ခဲ့တယ်လို့ မဟူရာရွှေဘိုသားအဖွဲ့မှ သတင်းရရှိပါတယ်။
နှစ်ဖက်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး စစ်သားနဲ့ ပြည်သူ့စစ်တွေ မြင်းချင်းကျေးရွာအ တွင်း ပြန်လည်ဝင်ရောက်သွားပြီး ထိခိုက်မှုကို စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။
အထက်ပါတိုက်ခိုက်မှုကို မဟူရာ ရွှေဘိုသား ပြည်သူ့ကာကွယ်ရေးအဖွဲ့ နဲ့ တန၊၂ တပ်ပေါင်းစု၊ ရှင်းရှင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဗိုလ်လင်းရောင်(ဒပယ) ရွှေဘိုမြို့နယ် ပြည်သူလုံခြုံရေး တပ်ဖွဲ့ တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။