ဒရအုပ်လွင်မိုးအောင် ဂန့် ဂန့် ဂန့်

ဝက်လက်မြို့ပေါ်နှင့် ဟံလင်းမြို့ဟောင်းတွင် တပ်စွဲထားသော စစ်တပ်စခန်းနှင့် စစ်ကြောင်းကို တိုက်ခိုက်မှု ဒုရဲအုပ် လွင်မိုးအောင် သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၁

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ပေါ်နှင့် ဟံလင်းမြို့ဟောင်းတွင် တပ်စွဲထားသော စစ်တပ်စခန်း နှင့် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ ဒုရဲအုပ်တစ်ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့အစေခံ တော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့‌ ပြောကြားသည်။

ယမန်‌နေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ဝက်လက်မြို့ပေါ်တွင် အထိုင်ချ တပ်စွဲထား သော စစ်တပ်စစ်ကြောင်းက ဝက်လက်မြို့မြောက်ဘက် သခွတ္တောကျေးရွာ ဘက်သို့ စစ်ကြောင်းထိုးလာစဉ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ခုခံတိုက်ခိုက်ခဲ့ရာ ဒုရဲအုပ် လွင်မိုးအောင် သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် သေဆုံးဒဏ်ရာ ရရှိသူများကို သယ်ဆောင်ပြီး ယင်းနေ့ ညနေ ၄ နာရီ မိနစ် ၅၀ အချိန်တွင် ဝက်လက်မြို့ပေါ်သို့ ပြန်ဆုတ်သွား ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ အစေခံတော်လှန်ရေးတပ်ဖွဲ့နှင့် ဒေသခံ ပကဖ အဖွဲ့များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီ မိနစ် ၅၀ အချိန်တွင် ဝက်လက်မြို့နယ်၊ ဟံလင်းပျူ မြို့ဟောင်း၌ တပ်စွဲထားသော စစ်ကြောင်းကို ဒရုန်းဖြင့်ဗုံးကျဲတိုက်ခိုက်ခဲ့ ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့ နှင့် Black Wolf Army တို့က ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*