မအိပ်ခင်လေး မွှင်းခါး၁၀ပွဲ မြိန်နေရော

ရေမျက်နီစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်

စစ်ကောင်စီလက်အောက်ခံ ၁၀ ဉီး ကျော်သေဆုံး ၁ ဉီး အရှင်ဖမ်းမိ (ရုပ်/သံ)

+++++++++++++++++++++

ဒီဇင်ဘာ ၂၃ ရက်

မကွေးတိုင်း ထီးလင်းမြို့နယ် ရေမျက်နီရဲစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံ ၁၀ ဉီးကျော်သေဆုံးပြီး ၁ ဉီး အရှင်ဖမ်းမိခဲ့တယ်လို့ ယောကာကွယ်ရေးတပ် – YDFမှ သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၄ ရက် နံနက် ၅ နာရီခန့်က မဟာမိတ်ပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်ရဲ့ ရေမျက် နီစခန်းကို တိုက်ခိုက်ခဲ့ကြပြီး စစ်တပ်ဘက်မှ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အပြင်းအထန် ခုခံခဲ့ပြီး ဂျက်တိုက်လေယာဉ်များနဲ့ပါ ပစ်ကူပေးခဲ့ကာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တယ်လို့ သိရ ပါတယ်။

ရေမျက်နီစခန်းသိမ်းတိုက်ပွဲဟာ တစ်ပတ်တာကြာမြင့်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီလက် အောက်ခံတပ်သား ၁၀ ဉီးသေဆုံးပြီး ၁ ဉီး အရှင်ဖမ်းမိခဲ့ကာ လက်နက်အချို့ သိမ်းဆည်းရရှိခဲ့ တယ်လို့ သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *