၅၅မြေဩဇာတွေ ထပ်ပို့နေပြီနော်

လောက်ကိုင်မြို့ မကျစေရေးအတွက် စစ်ကောင်စီက တပ်မ ၅၅ ကို တာဝန်ပေးပြီး လက်အောက်ခံတပ်များကို စစ်ကူအဖြစ် လေကြောင်းမှ ပေးပို့နေ

ရန်ကုန်၊ ဒီဇင်ဘာ ၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်ကို MNDAA လက်အောက်သို့ မကျရောက်စေရေးအတွက် စစ်တပ်က အမှတ် ၅၅ ခြေမြန်တပ်မဌာနချုပ် (တပ်မ ၅၅ ) ကိုတာဝန်ပေးလိုက်ပြီး တပ်မ ၅၅ လက်အောက်ခံတပ်များကို စစ်ကူအဖြစ် ပေးပို့ နေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့မှစတင်ပြီး လောက်ကိုင်မြို့နယ် နေရာအနှံ့အပြားတွင် ပစ်ခတ်မှုများဖြစ်ပွားပြီး စစ်ကောင်စီကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်များဖြင့် ဗုံးကျဲချခြင်း အပါအဝင် အလွန်အကျွံ့ အင်အားသုံး ပစ်ခတ်မှုများ လုပ်ဆောင်လာကြောင်း၊ လောက်ကိုင်မြို့ပေါ်တွင်ပါ ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားနေကြောင်း၊ ယင်းနောက် လောက်ကိုင်မြို့ မကျစေရေးအတွက် စစ်ကောင်စီတပ်က အမှတ် ၅၅ ခြေမြန်တပ်မဌာနချုပ်ကို တာဝန်ပေးထားပြီး စစ်ကူတပ်များကို လေကြောင်းမှ ဆက်တိုက်ပေးပို့နေကြောင်း သိရှိရသည်။

“တပ်မ ၅၅ တပ်တွေက လောက်ကိုင်မကျစေဖို့ အဓိက စစ်ကူတွေသွားနေတယ်။ ၅၅ အောက်က တပ်တွေအကုန်လုံးကို လောက်ကိုင်ကို ကာကွယ်ဖို့ အဓိက တာဝန်ပေးတယ်” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ဗိုလ်မှူးချုပ် အေးခိုင် ဦးစီးသော အမှတ် ၅၅ ခြေမြန်တပ်မဌာနချုပ် (တပ်မ ၅၅ )သည် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေဖြစ်သော ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလောမြို့တွင် တည်ရှိသော ခြေမြန်တပ်မဌာနချုပ် တစ်ခု ဖြစ်ကြောင်း၊ တပ်မ ၅၅ ကို ကာကွယ်ရေးဝန်ကြီးဌာန (ကြည်း- စစ်ဆင်ရေး)၏ တိုက်ရိုက်ကွပ်ကဲစီမံသော တိုက်ခိုက်ရေးတပ်ဖွဲ့များဖြစ်ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့နယ်အတွင်းတွင် ပစ်ခတ်မှုများနှင့် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်မှုနှင့် လက်နက်ကြီး တိုက်ခိုက်မှုများကြောင့် လောက်ကိုင်မြို့မှာ ပျက်စီးမှုများ ကြုံတွေ့ နေရကြောင်း သိရှိရသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*