သိမ်ဇရပ် မွှင်းခါး၃ပွဲ

သိမ်ဇရပ် အမြောက်တပ် ၃၁၀ မှ တပ်ကြပ် ဦးဆောင်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါသော ကားကို လက်နက်ငယ်၊ ၄၀ မမ ဖြင့် ပစ်ခတ်မှု ၃ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၄

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ အမြောက်တပ် ၃၁၀ မှ တပ်ကြပ် တင်မောင်အေး ဦးဆောင်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါသော ကားကို လက်နက်ငယ်၊ ၄၀ မမ ဖြင့် ပစ်ခတ်ရာ စစ်သား ၃ ဦးသေဆုံးကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် မွန်ပြည်နယ် ၊ သိမ်ဇရပ်မြို့ ၊ အမှတ် ၁ ရပ်ကွက် ၊ ရွာလေးရွာ၊ စစ်ပစ်ကွင်း သွားသော လမ်းထိပ် တွင် အမြောက်တပ် ၃၁၀ မှ တပ်ကြပ် တင်မောင်အေး အပါဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသည်

ဟွန်ဒါဖစ်အမဲရောင် ကား ဖြင့် ထွက်ခွာလာစဥ် တော်လှန်ရေးအင်အားစု က လက်နက်ငယ် နှင် ၄၀ မမ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကားပေါ်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးအနက်မှ ၂ ဦးမှာ ပွဲချင်းပြီး သေဆုံးပြီး ၁ ဦးဒဏ်ရာရရှိကြောင်း၊ ၁ ဦးမှာ လွတ်မြောက်သွားပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များကို ပြန်လည် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

” ကားပေါ်ပါ စစ်သား. ၂ ဦး ပွဲချင်းပြီး သေဆုံးတယ်။ တင်မောင်အေး တပည့် ပျူစောထီး အာကာက ရင်ဘတ်ကျည်ထိမှန်ဒဏ်ရာနဲ့ ပဲခူးဆေးရုံရောက်တဲ့အချိန် သေတယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

အမြောက်တပ် ၃၁၀ မှ တပ်ကြပ် တင်မောင်အေးမှာ လွတ်မြောက်သွားပြီး ၄ ကြိမ်မြောက် ပစ်ခတ်ခံရမှု လွတ်မြောက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အမြောက်တပ် ၃၁၀ မှ တပ်ကြပ် တင်မောင်အေး သည် သိမ်ဇရပ် တခွင် တွင် မှောင်ခို ၊ လောင်းကစား ၊ တရားမဝင် အလုပ်များ လုပ်ကိုင်နေသူဖြစ်ပြီး တစ် နေ့လျှင် သိန်းတစ်ရာ ဝန်းကျင် ဝင်ငွေရနေသူဖြစ်ကြောင်း၊ ပြည်သူများကို ဖမ်းဆီးပြီး PDF အမှုဆင်မှုများ၊ တချို့သော သူများကို စစ်ကြောရေးတွင် သတ်ဖြတ်မှုများ ကျူးလွန်ထားကြောင်း၊ ထို့ပြင် အလောင်းဖျောက်မှုများကိုပါ ကျူးလွန်ထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကောင်စီ အမြောက်တပ်မှ စစ်သည်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *